Africa & Middle East
အမေရိကန် နိုင်ငံ အစိုးရ တောင်ဆူဒန် နိုင်ငံ ရှိ ကုမ္ပဏီ များ နှင့် လူပုဂ္ဂိုလ် များအား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်
ဝါရှင်တန် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က စက်တင်ဘာ ၆ ရက်နေ့၌ တောင်ဆူဒန် နိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ အဆက်မပြတ် ဆိုးရွားလာသည် ဟူသော အကြောင်း ပြချက် ဖြင့် တောင်ဆူဒန် နိုင်ငံ ရှိ လူပုဂ္ဂိုလ် ၃ ဦး နှင့် ကုမ္ပဏီ ၃ ခု ကို ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။
အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ပိတ်ဆို့အရေးယူမှု ခံယူသူများတွင် တောင်ဆူဒန် နိုင်ငံ မှ လက်ရှိတာဝန် ထမ်းဆောင်နေသည့် အရာရှိ ၂ ဦး ပါဝင် ခဲ့ပြီး အငြိမ်းစား အစိုးရ အရာရှိ တစ်ဦး ပါဝင်ခဲ့ကြောင်း ၊ လက်ရှိတာဝန် ထမ်းဆောင်နေသည့် အရာရှိ တစ်ဦး မှ ထိန်းချုပ်ထားသော ကုမ္ပဏီ ၃ ခု ပါဝင်ကြောင်း ၊ ပိတ်ဆို့အရေးယူမှု အရ ၎င်းတို့၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံး ကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသား များအနေဖြင့် ၎င်းတို့နှင့် ဆက်သွယ်ခြင်း ကို ကန့်သတ်ကြောင်း ၊ ပိတ်ဆို့အရေးယူမှု ခံရသူ ၃ ဦး အနေဖြင့် အမေရိကန် နိုင်ငံ ဝင်ရောက်ခြင်း ကို ကန့်သတ်ကြောင်း သိရှိခဲ့ရသည်။
ထို့ပြင် အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အမေရိကန် ငွေကြေး အဖွဲ့အစည်း ထံသို့ အကြောင်းကြား စာပေးပို့ခဲ့ပြီး တောင်ဆူဒန် နိုင်ငံ မှ အရာရှိ တစ်ဦး က ၎င်းအဂတိ လိုက်စားမှု ဖြင့် ရရှိထားသည့် ငွေများကို အမေရိကန် နိုင်ငံ ငွေကြေးအဖွဲ့အစည်း တွင် ငွေကြေးခဝါချမှု ပြုလုပ်နိုင်ကြောင်း အကြောင်းကြား ခဲ့သည်။
တောင်ဆူဒန် နိုင်ငံ တွင် လတ်တလော နှစ်များတွင် တည်ငြိမ်အေးချမ်းမှု မရှိခဲ့ဘဲ တောင်ဆူဒန် နိုင်ငံ အစိုးရ နှင့် အတိုက်အခံ တပ်ဖွဲ့ တို့အကြား တိုက်ခိုက်မှု များ အဆက်မပြတ်ဖြစ်ပွား ခဲ့ပြီး တောင်ဆူဒန် နိုင်ငံ သမ္မတ Salva Kiir Mayardit က မြို့တော် Juba ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။ ၂၀၁၆ ခုနှစ် ဧပြီ လတွင် နှစ်ဘက် အဖွဲ့အစည်း တို့မှ အမျိုးသား ပြန်လည် သင့်မြတ်ရေး အစိုးရ ကို အတူတကွ ပူးပေါင်း ဖွဲ့စည်း ခဲ့သော်လည်း နှစ်ဘက် တပ်ဖွဲ့ တို့မှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)