Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ တွင် ဆေးခြောက် တန်ချိန်ပေါင်း ၁.၂ တန် ဖမ်းဆီးရမိ

ဆေးခြောက်ပင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ စက်တင်ဘာ ၇ ရက်

အာဖဂန်နစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အာဖဂန်နစ္စတန် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့က လတ်တလော ရက်ပိုင်းတွင် နိုင်ငံအရှေ့ပိုင်း Logar ပြည်နယ် တွင် မူးယစ်ဆေးဝါး နှိမ်နှင်းရေး ဆောင်ရွက်ရာတွင် ဆေးခြောက် ၁.၂ တန် ကို ဖမ်းဆီး ရမိကြောင်း သိရှိခဲ့ရသည်။

သတင်းဖော်ပြမှု များတွင် Logar ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ဆေးခြောက်များ ကို Logar ပြည်နယ် Puli Alam မြို့တွင် ဖမ်းဆီး မိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီး မိချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ က ဆေးခြောက်များအား ကုလားအုပ်များဖြင့် အခြားပြည်နယ် သို့ သယ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အစိုးရ အရာရှိ အနေဖြင့် ယခု မူးယစ်ဆေးဝါး နှိမ်နှင်းရေး တွင် လူမည်မျှ ဖမ်းဆီး ခဲ့သည် ကို မပြောကြား ခဲ့သော်လဲ ဖမ်းဆီးရမိသည့် မူးယစ်ဆေး များအားလုံး ကို ဖျက်ဆီး မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ တွင် ကာလတလျှောက် မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်း များ၏ ဒုက္ခ ကို ခံခဲ့ရပြီး အစိုးရ မှ လတ်တလော နှစ်ပိုင်းတွင် ပြစ်ဒဏ်များကို ပိုမို ပြင်းထန်စွာ ဆောင်ရွက်ခဲ့သော်လည်း မူးယစ်ဆေးဝါး ဂိုဏ်များမှာ တက်ကြွစွာ လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.