Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် အရေးပေါ်အခြေအနေ နောက်ထပ် ၃ လ ထပ်မံတိုးမြှင့်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံသမ္မတအဗ္ဗဒူလ် ဖတ်တာ အယ်လ်စီစီက နိုင်ငံအတွင်း အရေးအပေါ်အခြေအနေကို ယခုလ ၂၅ ရက် မှ စတင်ကာ နောက်ထပ် ၃ လ ထပ်မံ သက်တမ်းတိုးမြှင့်ရန်အတွက် သမ္မတ၏ သက်တမ်းတိုးခွင့်အမိန့်ကြေညာချက်တစ်ရပ်ကို ဇူလိုင် ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းနေ့တွင် အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနများက ဖော်ပြခဲ့သည်။

အရေးပေါ်ကာလတွင် နိုင်ငံ၏လုံခြုံရေးနှင့်တည်ငြိမ်ရေး၊ ပြည်သူ့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားရန် အီဂျစ်စစ်တပ်နှင့်ရဲတပ်ဖွဲ့က အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် လိုအပ်သည့် နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ အမိန့် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ ခုနှစ် ဧပြီလက အီဂျစ်နိုင်ငံ မြောက်ပိုင်း တန်ဒါ(Tanta)မြို့နှင့် အလက်ဇန္ဒရီးယား(Alexandria) မြို့တွင် ဖြစ်ပွားခဲ့သည့် ဘုရားရှစ်ခိုးကျောင်းဖောက်ခွဲတိုက်ခိုက်ခံရမှုများတွင် အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့သည်။ IS အစွန်းရောက်အဖွဲ့က ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။ အချင်းဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေ ၃ လ သတ်မှတ်ရန် အီဂျစ်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သည်။ထို့နောက် အရေးပေါ်ကာလကို ၃ လစီ အကြိမ်များစွာ ထပ်မံတိုးမြင့်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.