Connect with us

Africa & Middle East

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း၌ တိုက်ခိုက်မှုများ အတွင်း ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ပါကစ္စတန် နိုင်ငံ၌ မေလ အတွင်းက ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဝိုက်တွင် လုံခြုံရေး ရယူထားသည့် တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း Dera Ismail Khan ခရိုင်ရှိ ရဲတပ်ဖွဲ့များအား ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ အတွင်း လူ ၆ ဦး သေဆုံးခဲ့ပြီး အခြား ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ပထမ တိုက်ခိုက်မှုမှာ ရဲကင်းစခန်း တစ်ခုအား အမည်မသိ အကြမ်းဖက်သမား အချို့က ဝင်ရောက် ပစ်ခတ် ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကာ အခြား ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့ကြောင်း သိရသည်။

ဒုတိယ တိုက်ခိုက်မှုမှာ ဒဏ်ရာ ရရှိထားသည့် လုပ်ဖော်ကိုင်ဖက်များအား ဆေးရုံ တစ်ခုသို့ပြောင်းရွှေ့ပေးနေစဉ် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒုတိယ ရဲမှူး Iftikhar Shah က ပြောကြားခဲ့သည်။

အမျိုးသမီး အသေခံ ဗုံးခွဲသမား တစ်ဦးသည် ဆေးရုံ၏ ဝင်ပေါက်၌ ရှိနေသော ရဲတပ်ဖွဲ့အနီးတွင် ၎င်းကိုယ်ကို ဗုံးဖောက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး အခြား ဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့ကြောင်း Iftikhar Shah က ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား မည်သည့် အုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်က ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

Dera Ismail ခရိုင်သည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်အတွင်းရှိ စစ်သွေးကြွများလှုပ်ရှားရာ အဓိက ခရိုင်တစ်ခု ဖြစ်သော်လည်း မကြာသေးခင်နှစ်များက အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သော နေရာတစ်ခုဖြစ်သည်။

ယင်းဒေသတွင် စစ်သွေးကြွများ၏ အဓိကကျောရိုးပျက်စီးသွားခဲ့ပြီဟု ယူဆရသော်လည်း ၎င်းတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အများပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ရန် အချို့သော အရင်းအမြစ်များ ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117