Africa & Middle East
အီရန် နိုင်ငံ စစ်ဘက် ဆိုင်ရာ က တင့်ကား ကာကွယ်ရေး ဒုံးကျည် အသစ် အား အောင်မြင်စွာ တီထွင် ထုတ်လုပ် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာ

တီဟီရန် ၊ မတ် ၁ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံပိုင် ရုပ်သံဌာန ၏ ဖေဖော်ဝါရီ ၂၈ ရက်နေ့ သတင်းဖော်ပြချက်အရ အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် ပြည်တွင်း ကိုယ်ပိုင် တီထွင် ထုတ်လုပ်သည့် တင့်ကား ကာကွယ်ရေး ဒုံးကျည် အသစ် အား အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိခဲ့ရသည်။
သတင်း ဖော်ပြချက်များအရ Thunderbolt ဟု အမည် သတ်မှတ်ထားသည့် တင့်ကား ကာကွယ်ရေး ဒုံးကျည် အသစ် သည် အပူစွမ်းအင် ကို ရှာဖွေကာ တိုက်ခိုက် နိုင်သည့် နည်းစနစ် ပါဝင်ပြီး ရဟတ်ယာဉ် များတွင် တပ်ဆင်၍ တိုက်ခိုက်နိုင်သော ဒုံးကျည် အမျိုးအစား ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သတင်းဖော်ပြချက်များတွင် Thunderbolt တင့်ကား ကာကွယ်ရေး ဒုံးကျည် က အရှည် ၃ မီတာ ရှည်လျား ပြီး အချင်း ၁၂၇ မီလီမီတာ နှင့် အလေးချိန် ၇၀ ကီလိုဂရမ် ရှိပြီး အကွာအဝေး ၁၀ ကီလိုမီတာ အတွင်း ရှိ ပစ်မှတ်များအား တိကျစွာ တိုက်ခိုက် နိုင်သော ဒုံးကျည် အမျိုးအစား သစ် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)