Connect with us

Africa & Middle East

အီဂျစ် နိုင်ငံ မြောက်ပိုင်းတွင် ရထား တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆ ဦး သေဆုံး

၂၀၁၇ ခုနှစ် သြဂုတ် လတွင် အီဂျစ် နိုင်ငံ ၌ ရထား နှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

ကိုင်ရို ၊ မတ် ၁ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ မြောက်ပိုင်း Beheira ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ၌ ရထား တိုက်မှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်ထိ လူ အနည်းဆုံး ၁၆ ဦး သေဆုံး ခဲ့ပြီး လူပေါင်း ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ လက်ရှိချိန်တွင် ကယ်ဆယ်ရေး အဖွဲ့များ က အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်နေကြပြီး ဖြစ်ကာ Beheira ပြည်နယ် ရှိ ဆေးရုံများ အားလုံး ကိုလည်း အရေးပေါ် အခြေအနေ အဖြစ်ကြေညာပြီး လူနာများကို လက်ခံနေကြောင်း သိရှိရသည်။

အီဂျစ် နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ရထား တိုက်မှု သည် ရထား တစ်စင်း ၏ ရထားတွဲ နှစ်တွဲ က တွဲချော်မှု ဖြစ်ပွား ရာမှ ဘေးတွင် မောင်းနှင်လာသည့် ရထား နှင့် တိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် လတွင် အီဂျစ် နိုင်ငံ ၌ ရထား နှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄၉ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ၂၀၁၂ ခုနှစ် ၌ အီဂျစ် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရထား နှင့် ကျောင်းကား တိုက်မှုတွင်လည်း လူပေါင်း ၅၁ ဦး သေဆုံး ခဲ့ပြီး အများစု မှာ ကလေးငယ် များဖြစ်ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.