Africa & Middle East
အီရန် နျူကလီးယား ဆွေးနွေးမှု ကိုယ်စားလှယ်ဟောင်း သူလျှို ပြစ်မှုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
တီဟီရန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အီရန် နိုင်ငံ ဥပဒေရေးရာ ဌာန က အောက်တိုဘာ ၈ ရက်နေ့တွင် နျူကလီးယား ဆွေးနွေးမှု တွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ Dorri Najaf Abadi အား သူလျှိုမှုဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
အီရန် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ အီရန် နိုင်ငံ ဥပဒေရေးရာ ဌာန ပြောရေးဆိုခွင့်ရှိသူ Mohseni Ejei က Dorri Najaf Abadi သည် ပြည်ပသူလျှို အဖွဲ့အစည်း များထံသို့ သတင်း အချက်အလက်များ ပေးပို့ခဲ့သောကြောင့် ယခု ကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။
အချို့သတင်းဖော်ပြချက်များတွင် Dorri Najaf Abadi သည် ကနေဒါ နိုင်ငံ နှင့် အီရန် နိုင်ငံ တို့၏ နိုင်ငံသား လက်မှတ်ရှိသူ ဖြစ်ပြီး ယခင်နှစ် နိုဝင်ဘာလတွင် အီရန် နိုင်ငံ ဥပဒေရေးရာ ဌာန ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရကြောင်း သိရှိခဲ့ရသည်။
လတ်တလော နှစ်ပိုင်းတွင် အီရန် နိုင်ငံ သက်ဆိုင်ရာ ဌာန တာဝန်ရှိသူများမှာ သူလျှိုမှု နှင့် ပတ်သက်ကြောင်း စုံစမ်းတွေ့ရှိခဲ့ရပြီး အချို့မှာ အစိုးရ ဆန့်ကျင်သူများ နှင့်ဆက်သွယ်မှု နှင့် နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှု စသည် တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ကြရသည်။ ဖမ်းဆီးခံရသူအများစုမှာလည်း အီရန် နိုင်ငံ နှင့် အနောက်နိုင်ငံ များ၏ နိုင်ငံသား လက်မှတ်ရှိသူများ ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)