Connect with us

Africa & Middle East

ကွန်ဂိုအသင်းအား ၂ဂိုး -၁ဂိုး ဖြင့်အနိုင်ယူပြီး အီဂျစ်အသင်း ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

အီဂျစ်လက်ရွေးစင်ဘောလုံးအသင်း တိုက်စစ်မှူး မိုဟာမက် ဆာလာအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အလက်ဇန္ဒား ၊ အီဂျစ် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်သော အလက်ဇန္ဒားမြို့၌ အောက်တိုဘာလ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် အီဂျစ်အသင်းသည် ကွန်ဂိုအသင်းအား ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်ကြောင်း သိရသည်။

အီဂျစ်အသင်းအနေဖြင့် ကမ္ဘာ့ဖလားဝင်ခွင့်ကို ဆယ်စုနှစ် ၂ ခုကြာ ဝေးကွာခဲ့ရာမှ ရုရှားနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

လာမည့်နှစ်တွင် ကျင်းပမည့် FIFA ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အာဖရိကတိုက်ကိုယ်စားပြုအဖြစ် နိုက်ဂျီးရီးယားအသင်းသည် ပထမဆုံး ခြေစစ်ပွဲအောင်မြင်ခဲ့ရာ ယခုအခါ အီဂျစ်အသင်းသည် ဒုတိယမြောက်ခြေစစ်ပွဲ အောင်မြင်သောအသင်း ဖြစ်လာသည်။ အီဂျစ်အသင်းသည် ၁၉၃၄ ခုနှစ် နှင့် ၁၉၉၀ ခုနှစ် တွင်ကျင်းပခဲ့သော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သော အသင်းတစ်သင်းဖြစ်သည်။

ကွန်ဂိုအသင်းနှင့်ယှဉ်ပြိုင်ခဲ့သော ခြေစစ်ပွဲစဉ်တွင် အီဂျစ်အသင်းအတွက် အနိုင်ဂိုးများကို လက်ရှိ လီဗာပူးကလပ်အသင်းတွင် ကစားနေသည့် တိုက်စစ်မှူး ဆာလာက ပွဲကစားချိန် ၆၃ မိနစ် နှင့် ၉၃ မိနစ် တို့တွင် အသီးသီးဂိုးများ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.