Connect with us

Africa & Middle East

ကွန်ဂိုအရှေ့ပိုင်းတွင် သူပုန်တို့၏ သတ်ဖြတ်မှုကြောင့် လူ၄၀ဦးထက်မနည်းသေဆုံး

ကွန်ဂိုအရှေ့ပိုင်းရှိ ADF သူပုန်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘီနီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း မြောက်ကီဗူပြည်နယ် ရှိ ဘီနီမြို့၌ အောက်တိုဘာ ၇ရက် ညနေပိုင်းတွင် ADF သူပုန်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၄၀ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်တပ်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

သတင်းရင်းမြစ်က သူပုန်များသည် ဘီနီမြို့ရှိ စစ်စခန်းများစွာကို တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အနက် စခန်း၃ခုကို သိမ်းပိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်စခန်းတိုက်ခိုက်ခံရမှုမှ အသက်ရှင်လွတ်မြောက်လာသူများက သူပုန်များသည် ၎င်းတို့ဖမ်းဆီးထားသူများအား ရက်စက်စွာ မသတ်ဖြတ်ခင် အချို့လူများအား လွှတ်ပေးခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ADF သူပုန်အဖွဲ့အား ယူဂန္ဓာအစိုးရက အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ထားပြီး ၎င်းအုပ်စုသည် ယူဂန္ဓာနိုင်ငံအနောက်ပိုင်းတွင် အခြေစိုက်ပြီး အိမ်နီးချင်း ကွန်ဂိုနိုင်ငံသို့ ပျံ့နှံ့ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းသည် ပြည်တွင်းသူပုန်များ နှင့် ပြည်ပသူပုန်များစွာ ရှိနေခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်ခံနေရပြီး ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၁၆ခုနှစ်မှစ၍ ဒေသတွင်းပဋိပက္ခများကြောင့် နိုင်ငံသား ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.