Africa & Middle East
အီရန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပြင်းအား ၅.၇ အဆင့် ငလျင်လှုပ်ခတ် ၊ အနည်းဆုံး လူ ၁ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ
တီဟီရန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံ အနောက်တောင်ပိုင်း Khuzestanပြည်နယ်တွင် ဇူလိုင် ၈ ရက်က ပြင်းအား ၅.၇ အဆင့်ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်မှာ ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် ၁၁ နာရီ မိနစ် ၃၀ က အရှေ့လောင်ဂျီကျု့ ၄၅.၇၆၂ ဒီဂရီ ၊ မြောက်လတ္တီကျု့ ၃၄.၈၄၇ ဒီဂရီ၊ အနက် ၁၇ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန် ငလျင်တိုင်းတာရေးစင်တာ၏ သတင်းများအရ သိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်နှင့်လမ်းအချို့ပျက်စီးခဲ့ပြီး လျှပ်စစ်မီး၊ ရေပေးဝေမှုနှင့် လမ်းပန်းဆက်သွယ်ရေးများ သက်ရောက်မှုရှိခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများက ဆိုသည်။ အစိုးရမှ ငလျင်ဒဏ်သင့်နေရာသို့ ကူညီကယ်ဆယ်ရေးသမားများ စေလွှတ်ထားကြောင်း သိရသည်။
အီရန်နိုင်ငံ အနောက်ပိုင်းဒေသများတွင် ယခုနှစ်ပိုင်းများအတွင်း ငလျင်လှုပ်ခတ်မှု မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် Kermanshah ပြည်နယ်၌ ပြင်းအား ၇.၃ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၄၇၀ ကျော် သေဆုံးခဲ့ပြီး လူ ၉၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာကလည်း ယင်းပြည်နယ်တွင်ပင် ပြင်းအား ၆.၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)