Connect with us

Africa & Middle East

အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကား နှင့် ကုန်တင်ကားတိုက်မိ၍ လူ ၁၂ဦးသေဆုံး

အီသီယိုးပီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အက်ဒစ် အဘာဘာ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း တွင် အောက်တိုဘာ ၂၂ ရက် က ခရီးသည်တင်ဘတ်စ်ကားတစ်စီး နှင့် ကုန်တင်ကားတစ်စီး တိုက်မိခဲ့ရာ လူ ၁၂ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယာဉ် ၂စီးတိုက်မိမှုကြောင့် အခြားလူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Amhara ပြည်နယ် North Shewa ဇုန် ယာဉ်အသွားအလာ လေ့လာမှု ဗျူရို အကြီးအကဲ Mekasha Tesfaye က ပြောကြားခဲ့သည်။၎င်းက မကြာသေးမီ လများတွင် North Shewa ဇုန်၌ ယာဉ်မတော်တဆမှုများဖြစ်ပွားခဲ့ကြောင်း နှင့် လွန်ခဲ့သည့် ၅လ အတွင်းဖြစ်ပွားခဲ့သော အကြီးစားယာဉ်တိုက်မှု ၃ခုကြောင့် အနည်းဆုံးလူ၄၃ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် မော်တော်ယာဉ်ပိုင်ဆိုင်မှု အနည်းဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော်လည်း ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုများသည် အီသီယိုးပီးယားနိုင်ငံတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး လမ်းများယိုယွင်းနေခြင်း၊ ယာဉ်မောင်းလိုင်စင်စနစ်တွင် ချို့ယွင်းချက်များ ရှိနေခြင်း နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများ အားနည်းနေခြင်းတို့ သည် ယာဉ်မတော်တဆမှုဖြစ်ပွားစေသည့် အဓိကအချက်များဖြစ်ကြောင်း သိရသည်။ယခုနှစ် ဇူလိုင် ၇ ရက်အထိ ယာဉ်မတော်တဆမှု ကြောင့် သေဆုံးသူဦးရေသည် ၄,၅၀၀ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.