Connect with us

Africa & Middle East

လစ်ဗျား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် က လက်နက်ကိုင် တပ်ဖွဲ့ အသီးသီး ဆွေးနွေးမှု ပြုလုပ်ခြင်း ကို ထောက်ခံကြောင်း ပြောကြား

လစ်ဗျား နိုင်ငံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ တပ်ဖွဲ့ဝင် များ စစ်ရေး ဆောင်ရွက်မှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

တူနီးရှား ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

လစ်ဗျား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် Fayez al-Sarraj က လစ်ဗျား နိုင်ငံ ရှိ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး တို့မှ ပြန်လည်သင့်မြတ်ရေး နှင့် ပြန်လည် ဖွဲ့စည်းမှု ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်း ကို အလုံးစုံ ထောက်ခံကြောင်း အောက်တိုဘာ ၂၂ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

လစ်ဗျား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဝန်ကြီးချုပ် အနေဖြင့် လစ်ဗျား နိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး ခေါင်းဆောင် တို့မှ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်း ကို လွန်စွာ အလေးထားပြီး လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး အနေဖြင့် ပြန်လည်သင့်မြတ်ရေး နှင့် ပြန်လည် ဖွဲ့စည်းမှု ဆိုင်ရာ သဘောတူညီချက် ရရှိရန် လိုအပ်ကြောင်း ပါဝင် ခဲ့သည်။

လတ်တလောရက်ပိုင်း အတွင်း လစ်ဗျား နိုင်ငံ ရှိ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး မှ ခေါင်းဆောင် များက အီဂျစ် နိုင်ငံ မြို့တော် ကိုင်ရို တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက် အထိ မည်သည့် သဘောတူညီချက် မှ မရရှိသေးကြောင်း သိရှိရသည်။၂၀၁၁ ခုနှစ် တွင် လစ်ဗျား နိုင်ငံ ၌ ကဒါဖီ အစိုးရ ဖြုတ်ချခံခဲ့ရပြီး နောက်တွင် လစ်ဗျား နိုင်ငံ ပြည်တွင်း အခြေအနေ မှာ တည်ငြိမ်မှု မရှိတော့ဘဲ လက်ရှိချိန်တွင် အဓိက အင်အားစု နှစ်ခု မှာ နယ်မြေများ ထိန်းချုပ်၍ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေကြသည်။ လစ်ဗျား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ နှင့် ၎င်းအား ထောက်ခံသည့် လက်နက်ကိုင် အဖွဲ့အစည်း တို့က နိုင်ငံ အနောက်ပိုင်း ဒေသ အား ထိန်းချုပ်ထားပြီး ပြည်သူ့ကိုယ်စားပြု အစည်းအရုံး က နိုင်ငံ အရှေ့ပိုင်း ဒေသ အား သိမ်းပိုက်၍ အစိုးရ အဖွဲ့ သီးသန့်ဖွဲ့စည်း ခဲ့သည်။ Khalifa Haftar ဦးဆောင်သည့် ပြည်သူ့စစ် တပ်ဖွဲ့ က ပြည်သူ့ကိုယ်စားပြု အစည်းအရုံး နှင့် မဟာမိတ် ဖွဲ့စည်း ခဲ့ပြီး လစ်ဗျား နိုင်ငံ အနောက်ပိုင်း ၊ အလယ်ပိုင်း နှင့် တောင်ပိုင်းရှိ အဓိက မြို့များအား ထိန်းချုပ်ထားကြောင်း သိရှိရသည်။(Xinhua)