Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် ရက်သတ္တပတ် ၄ပတ် အတွင်း ရေဘေးကြောင့် သေဆုံးသူ ၁၈ ဦး ရှိ

လူနေရပ်ကွက်အတွင်း ရေ၀င်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် မဲခေါင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လွန်ခဲ့သော ရက်သတ္တပတ် ၄ ပတ်အတွင်း သေဆုံးသူ ၁၈ ဦး ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ၈ ဦးမှာ ကလေးငယ်များ ဖြစ်ကြောင်း ကမ္ဘောဒီးယား အရာရှိတစ်ဦးက သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့ သည်။

ယခုရေဘေးသင့်ဒေသများမှာ အဓိကအားဖြင့် Stung Treng၊ Kratie စသည့် မဲခေါင်မြစ်ဝှမ်း တလျှောက်ရှိ ပြည်နယ် ၆ ခုမှ ဖြစ်ကြောင်း၊ မိသားစုပေါင်း ၈၃,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရာ ၇,၂၀၀ ကျော် ကို ဘေးလွတ်ရာကုန်းမြေမြင့်သို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ရေဘေးကြောင့် စပါးဧက ၄၅,၀၀၀ ခန့် ရေနစ်မြုပ်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (NCDM)၏ ပြောရေးဆိုခွင်ရှိသူ Keo Vy က ဆင်ဟွာကို ပြောကြားခဲ့သည်။

လက်ရှိအချိန်သည် ကမ္ဘောဒီးယားတွင် ရေကြီးရေလျှံဖြစ်လေ့ရှိသည့်ကာလဖြစ်ကြောင်းသိရသည်။ မဲခေါင်မြစ်ရေ အဆက်မပြတ်မြင့်တက်လျက်ရှိရာStung Trengအပါအဝင် ပြည်နယ်အများအပြားတွင် စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီဖြစ်သည်ဟု Keo Vy က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.