Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်သမားများ၏ လစဉ်အနိမ့်ဆုံးလစာ တိုးမြှင့်


ဖနွမ်းပင်၊ စက်တင်ဘာလ ၂၀ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားအစိုးရက နိုင်ငံ၏ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် အထည်ချုပ်နှင့်ဖိနပ်လုပ် ငန်းစက်ရုံများတွင် အလုပ်သမားများ၏ လစဉ်အနိမ့်ဆုံးလစာကို လက်ရှိ ၁၈၂ ဒေါ်လာမှ ၄ ဒသမ ၃၉ ရာခိုင်နှုန်း တိုးမြှင့်ကာဒေါ်လာ ၁၉၀ သို့သတ်မှတ်လိုက်ကြောင်းအလုပ်သမားဌာနဝန်ကြီး ဆမ်ဟန် က စက်တင်ဘာလ ၂၀ ရက်ကကြေညာခဲ့သည်။

အနိမ့်ဆုံးလစာအတွက် အမျိုးသားကောင်စီကလာမည့်နှစ်တွင်စတင်မည့် အနိမ့်ဆုံးလစာနှုန်းထားသစ် ကို ၁၈၇ အမေရိကန်ဒေါ်လာအဖြစ်မဲပေးထောက်ခံခဲ့ကြသည်။ထို့နောက်အစိုးရကသုံးဒေါ်လာတိုးမြှင့် ကာ ဒေါ်လာ ၁၉၀ သို့သတ်မှတ်ခဲ့ခြင်းဖြစ်သည်။အနိမ့်ဆုံးလစာအတွက် အမျိုးသားကောင်စီတွင်အဖွဲ့ ဝင် ၅၁ ဦးရှိသည့်အနက် အစိုးရ၊အထည်ချုပ်စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေးသမဂ္ဂ များက အ ဖွဲ့ဝင် ၁၇ ဦးကျစီပါဝင်ကြသည်။

ကမ္ဘောဒီးယား နိုင်ငံ၊ဖနွမ်းပင်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ လုပ်သား များကိုတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါလစာငွေအပြင် အလုပ်သမားများအနေဖြင့်ဘေးပန်းခံစားခွင့်အဖြစ် ပုံမှန်အလုပ်ဆင်းမှုအတွက် တစ်လလျှင် ၁၀ ဒေါ်လာနှင့် သယ်ယူပိုဆောင်စရိတ် ၇ ဒေါ်လာတို့ကိုလစဉ်ရရှိမည်ဟုလည်း ဝန်ကြီး ကပြောကြားခဲ့သည်။ အဆိုပါအနိမ့်ဆုံးလစာနှုန်းထားသစ်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်စ တင်အကျိုးသက်ရောက်မည်ဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံ၏ ထိုအနိမ့်ဆုံးလစာနှုန်းထားသစ်က အိမ် နီးချင်းဗီယက်နမ်နိုင်ငံ၏ အနိမ့်ဆုံးလစာနှုန်းထားသစ်နှင့်တူညီကြောင်းသိရသည်။(Xinhua)