Connect with us

Asia

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သီရိလင်္ကာသို့လာရောက်မည်

ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ကိုလန်ဘို၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် သီရိလင်္ကာနိုင်ငံသို့ သြဂုတ် ၃၁ ရက်တွင် သုံးရက်တာ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မှ တာဝန်ရှိသူများက သြဂုတ် ၂၆ တွင်ပြောကြားခဲ့သည်။

ဘန်ကီမွန်းသည် သြဂုတ် ၃၁ ရက် ညနေပိုင်းလောက်တွင် ၎င်း၏ ခရီးစဉ်စတင်မည်ဟု ခန့်မှန်းရပြီး သီရိလင်္ကာ သမ္မတ Maithripala Sirisena နှင့် ဝန်ကြီးချုပ် Ranil Wickremesinghe တို့နှင့်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကာ ကိုလန်ဘိုမြို့၌ ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသွားမည်ဖြစ်သည်။

ကုလသမဂ္ဂ က ဘန်သည် သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ တစ်ဆင့်လာရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ တို့တွင် လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အထူးအလေးထား ပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဘန် သည် သီရိလင်္ကာနိုင်ငံမြောက်ပိုင်းရှိ Jaffna မြို့ရှိ အိမ်ရာမဲ့ပြည်သူများ ပြန်လည်နေရာချထားပေးရန် ဆောက်လုပ်နေသည့် အိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုမည်ဖြစ်ပြီး တောင်ပိုင်းရှိ Galle မြို့ တွင်ပြုလုပ်မည့် လူငယ်နှင့် ပြန်လည်သင့်မြတ်ရေး ညီလာခံသို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117