Connect with us

Asia

ဂျပန်နိုင်ငံတွင် ကလေးငယ်ဦးရေ နှစ်ပေါင်း(၄၀)ဆက်တိုက် ကျဆင်းလျက်ရှိ

မေလ ၅ ရက် ဂျပန်ကလေးများနေ့ မြင်ကွင်းတစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၅ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် အသက် (၁၄)နှစ်နှင့်အောက် ကလေးငယ်များ၏ လူဦးရေသည် (၁၄.၉၃)သန်း ရှိရာ ၎င်းမှာ ၁၉၅၀ ပြည့်နှစ်‌ မှတ်တမ်းထားရှိသည့်နောက်ပိုင်း လူဦးရေအနည်းဆုံးစံချိန်ချိုးခဲ့ခြင်းပြီး နှစ်‌ပေါင်း(၄၀)ဆက်တိုက် လျော့နည်းလာခြင်းလည်းဖြစ်ကြောင်း ဂျပန် ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မေ ၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ယခုနှစ် ဧပြီလ ၁ ရက်အထိ ဂျပန်နိုင်ငံတွင် အသက် (၁၄)နှစ်နှင့်အောက်ရှိ ယောကျ်ားလေးဦးရေ(၇.၆၅)သန်း၊ မိန်းကလေးဦးရေ(၇.၂၈)သန်း ၊ စုစုပေါင်း (၁၄.၉၃)သန်းရှိရာ ပြီးခဲ့သည့်နှစ်ကာလတူထက် (၁၉၀,၀၀၀)ခန့် လျော့နည်းသွားကြောင်း ကျိုဒိုသတင်းဌာနက ယင်းကိန်းဂဏန်းများကို ကိုးကား၍ ဖော်ပြထားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ ကောက်ညင်းမုန့်ထောင်းပွဲတော်ကျင်းပနေသည်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ အသက်(၁၄)နှစ်နှင့်အောက် ကလေးငယ်ဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ စုစုပေါင်းတွင် (၁၁.၉)ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရာ ထိုအချိုးအစားသည် (၄၇)နှစ် ဆက်တိုက် ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်တွင် အသက်(၁၄)နှစ်နှင့်အောက် ကလေးငယ်ဦးရေ (၂၉.၈၉)သန်းဖြင့် ၁၉၅၄ ခုနှစ်တွင် အများဆုံး ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် အဆက်မပြတ်လျော့နည်းခဲ့ပြီး ၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ပြန်လည်တိုးပွားမှုရှိလာသော်လည်း ၁၉၈၂ ခုနှစ်နောက်ပိုင်းတွင်း ဆက်တိုက် လျော့နည်းလာခဲ့ကြောင်း သိရသည်။ (Xinhua)
———————————————-
(Chinese Version)
日本儿童人口连续40年减少
2021-05-05 09:46:57
新华社北京5月5日电(记者杨舒怡)日本总务省4日发布的统计数据显示,日本14岁及以下儿童人口为1493万,创下1950年有记录以来的最低纪录,同时是连续40年减少。
  共同社援引这项统计报道,截至今年4月1日,日本14岁及以下男孩人数为765万,女孩人数为728万,合计1493万,比去年同期减少约19万人。
  此外,日本14岁及以下儿童人数在全国总人口的占比跌至11.9%,这一比例连续47年下跌。
  日本14岁及以下儿童人数在1954年达到峰值,为2989万,此后不断减少,上世纪70年代初期短暂回升,但1982年以来持续减少。

图说1:5月5日是日本儿童节。资料图片显示,日本儿童节有挂鲤鱼旗的风俗,祈愿孩子出人头地。(新华社/法新)
图说2:图为2019年1月12日,日本东京六本木新城举行捣年糕活动,一名儿童在家长的协助下捣年糕。(新华社记者杜潇逸摄)