Connect with us

Asia

ဂျပန်နိုင်ငံတွင် နေ့စဉ်ရက်ဆက် အပူချိန်မြင့်မားမှုကြောင့် လူ ၅ ဦး သေဆုံး

ဂျပန်နိုင်ငံ Hiroshimaတွင် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ နေရာအမြောက်အမြားတွင် နေ့စဉ်ရက်ဆက် အပူချိန်မြင့်မားမှုကြောင့် လက်ရှိတွင် သေဆုံးသူ ၅ ဦးရှိပြီး လူ ၂၀၀၀ကျော် ဆေးကုသမှုခံယူနေရကြောင်း ဂျပန်သတင်းမီဒီယာများ၏ ပြောကြားချက်အရ သိရသည်။ အပူချိန်မြင့်မားမှုသည် ရက်သတ္တပတ်ခန့်ရှိမည်ဟု ဂျပန်မိုးဇလက ခန့်မှန်းထားသည်။

ဇူလိုင် ၁၆ ရက်တွင် Gifuစီရင်စု၏ အမြင့်ဆုံးအပူချိန်မှာ ၃၉ ဒီဂရီစင်တီဂရိတ်ကျော် ရှိရာ ယခုနှစ်တွင် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့သည်။ Gunma၊ Aichi၊ Kyōto fu စသည့်နေရာများ၏ အမြင့်ဆုံးအပူချိန်မှာလည်း ၃၈ ဒီဂရီစင်တီဂရိတ်ကျော် ရှိသည်။

ဂျပန်တွင် ရေဘေးကြုံတွေ့နေရသည့် နေရာများတွင်လည်း အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်နှင့်အထက်ရှိ မြင့်မားသည့်အပူချိန် ရက်ဆက်ဖြစ်ပေါ်နေရာ ရေဘေးဒုက္ခသည်များနှင့် စေတနာ့ဝန်ထမ်းများမှာ လည်း ပူပြင်းသည့်ရာသီဥတွင် ရှင်းလင်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဆောင်နေရ ကြောင်း ၊ ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် Okayama၊ Hiroshima ၊Ehime တွင် လူရာကျော် အပူရှပ်ရောဂါကြောင့် ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.