Connect with us

Asia

ဂျပန်နိုင်ငံတွင် အပူချိန်မြင့်မားမှုကြောင့် တစ်ရက်အတွင်း အပူရှပ်သေဆုံးသူ ၁၃ ဦး ရှိ

အပူချိန်မြင့်မားမှုကြောင့် တိုကျို ပန်းခြံတစ်ခုတွင် အရိပ်ခိုနေသည့် အဖိုးအို နှစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို ၊ ဇူလိုင်၂၄ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံနေရာ အမြောက်အမြားတွင် ဇူလိုင်လ ၂၃ ရက်က ကြုံတောင့်ကြုံခဲအပူချိန်မြင့်မားမှုနှင့် ကြုံတွေ့နေရကြောင်း ၊ အပူရှပ်မှုကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသထားသူ ၂၃၇၇ ဦး ရှိကြောင်း ၊ Osaka၊ Saitamaစသည့် စီရင်စု ၉ ခုတွင် အပူရှပ်သေဆုံးသူ ၁၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်က Saitamaစီရင်စုတွင် အမြင့်ဆုံးအပူချိန် ၄၁.၁ ဒီဂရီ စင်တီဂရိတ်ရှိရာ စံချိန်တင်အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ကြောင်း ဂျပန်မိုးဇလ၏ သတင်းများအရ သိရသည်။ တိုကျိုမြို့နှင့် Gifuစီရင်စု၏ အမြင့်ဆုံးအပူချိန်မှာလည်း ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိကြောင်း သိရသည်။

ဂျပန်တစ်နိုင်ငံလုံးတွင် ဇူလိုင်လ ၁၆ ရက်မှ ၂၂ ရက်အထိ အပူရှပ်၍ ဆေးရုံသို့ ပို့ဆောင်ကုသသူ အနည်းဆုံး ၂၁၀၀၀ ကျော် ရှိပြီး ၎င်းတို့အနက် သေဆုံးသူ ၆၅ ဦး ရှိကြောင်း Kyodoသတင်းဌာနအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.