Connect with us

Asia

ဂျပန်နိုင်ငံဟော့ကိုင်းဒိုး၌ ပြင်းအား ၆.၇ အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် လူနေအိမ်များ မြေပြိုမှုများ အတွင်းနစ်မြုပ်


တိုကျို ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး စီရင်စု၌ ယနေ့( စက်တင်ဘာ ၆ ရက်) နံနက်အစောပိုင်းတွင် ကနဦးတိုင်းတာမှုအရ ၆.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူနေအိမ်များစွာ မြေကြီးအတွင်း နစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေလျက်ရှိသည်။ ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA) ၏ ထုတ်ပြန်ချက်အရ ၎င်းအင်းအားပြင်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၃ နာရီ ဝ၈ မိနစ်တွင် ဟော့ကိုင်းဒိုးစီရင်စု အလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ၊ ငလျင်သည် မြောက်လတ္တီကျူ့၄၂.၇ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၄၂.ဝ ဒီဂရီ အတွင်း မြေအောက်အနက် ၄ဝ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဟော့ကိုင်းဒိုးစီရင်စုအတွင်း ဂျပန်ငလျင်တိုင်းတာရေးအဖွဲ့၏ တိုင်းတာချက်အရ ငလျင်အပြင်းထန်ဆုံးခံရသည့်နေရာတွင် ပြင်းအား ၇ အဆင့်ရှိကြောင်း စီရင်စုနယ်နိမိတ်တစ်ခုလုံးအတွင်း ပြင်းအား ၆ အဆင့် ထက် ကျော်လွန်ကြောင်း ဆိုသည်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ငယ်များ ဒါဇင်ပေါင်းများစွာ ဆက်လက်လှုပ်ခတ်ခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၁ မိနစ်တွင် ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

နျူကလီးယားလေ့လာစောင့်ကြည့်ရေးအဖွဲ့က နျူကလီးယားဓာတ်ပေါင်းဖိုများ အနီးတစ်ဝိုက်တွင် ပုံမှန်မဟုတ်သော အခြေအနေ ထူးခြားဖြစ်စဉ်များ မရှိကြောင်း ဆိုသည်။

ဂျပန်နိုင်ငံ၌ စက်တင်ဘာ ၆ ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံ နှင့် အများပြည်သူပုံများအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ၌ စက်တင်ဘာ ၆ ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးပုံ နှင့် အများပြည်သူပုံများအား တွေ့ရစဉ်(ဆင်ဟွာ)

JMA က ငလျင်ပြင်းအားသည် ၆.၇ အဆင့်ရှိပြီး ဂျပန်ကမ်းရိုးတမ်းတစ်လျှောက်တွင် ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဆိုသည်။

ဟော့ကိုင်းဒိုး စီရင်စုအတွင်းရှိ အစိုးရစာသင်ကျောင်းပေါင်း ၁၃ဝဝ ကျော်ကို ယာယီပိတ်ထားရန် ဆုံးဖြတ်ခဲ့ပြီး ကျောင်းသားများကို နေအိမ်၌သာ နေထိုင်ကြရန် ညွှန်ကြားထားကြောင်း ဒေသတွင်း ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

ဂျပန်နိုင်ငံ ဗဟိုအစိုးရက ငလျင်နှင့်သက်ဆိုင်သော အချက်အလက်များကို စုဆောင်းရန် ဝန်ကြီးချုပ်ရုံး၌ ငလျင်အကြပ်အတည်းစီမံခန့်ခွဲမှု ဆက်ဆံရေးစင်တာကို ဖွင့်လှစ် စီမံခန့်ခွဲနေကြောင်းသိရသည်။

ဟော့ကိုင်းဒိုး ပြည်နယ်အုပ်ချုပ်ရေးမှူး၏ မေတ္တာရပ်ခံချက်အရ ငလျင်ဒဏ်သင့်သော ဒေသများ၌ ကယ်ဆယ်ရေးဆောင်ရွက်ရန် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၅ဝဝဝ ခန့်ကို စေလွှတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.