Connect with us

Asia

ဂျပန်နိုင်ငံ၌ နှစ်သစ်ကူးလေလံပွဲတွင် တူနာငါးကြီးတစ်ကောင်ကို ဒေါ်လာ ၃ သန်းကျော်ဖြင့် စံချိန်တင်ရောင်းချ

ဂျပန်နိုင်ငံ၌ ဒေါ်လာ ၃ သန်းကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော တူနာငါးကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တိုယိုဆု(Toyosu) ငါးဈေးတွင် ပထမဆုံးနှစ်သစ်လေးလံပွဲ၌ အပြာရောင်ကြေးခွံတူနာငါးကြီးတစ်ကောင်ကို ဂျပန်ယန်း ၃၃၃.၆ သန်း ( အမေရိကန်ဒေါ်လာ ၃.၁ သန်း) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဂျပန်မီဒီယာကဖော်ပြခဲ့သည်။

အွန်မိုရီ(Aomori)စီရင်စု အိုမာ(Oma) ၌ အလေးချိန် ၂၇၈ ကီလိုဂရမ်ရှိသော တူနာငါးကြီးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းငါးကို တစ်ကီလိုဂရမ်လျင် ဂျပန်ယန်းငွေ ၁.၂ သန်း ( အမေရိကန်ဒေါ်လာ ၁၁,ဝ၅၇ ) ဖြင့် ဈေးနှုန်းသတ်မှတ်၍ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် နှစ်သစ်လေလံပွဲတွင် အရောင်းဝယ်ဖြစ်ခဲ့သော အမြင့်ဆုံးလေလံဈေးသည် ၁၉၉၉ ခုနှစ်ကတည်းက တင်ထားခဲ့သော အမြင့်ဆုံးတူနာငါးဈေးနှုန်း စံချိန်ကို ရိုက်ချိုးခဲ့ခြင်းလည်း ဖြစ်သည်။

ဂျပန်နိုင်ငံ၌ လေလံတင်ရောင်းချထားသော တူနာငါးများအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ငါးဈေးသည် လတ်ဆတ်သောပင်လယ်စာများကို ဝယ်ယူလိုသည့် ပြည်တွင်းပြည်ပ ပင်လယ်စာချစ်သူများအတွက် ထင်ရှားကျော်ကြားသောနေရာတစ်ခုဖြစ်သည်။၎င်းငါးဈေးကို စတင်ဖွင့်လှစ်ခဲ့သည့်နှစ်မှ စတင်ကာ နှစ်စဉ် ငါးလေလံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ယခုနှစ် တူနာငါးလေလံပွဲတွင် တိုကျိုမြို့အခြေစိုက် Sushizanmai ဆူရှီစားသောက်ဆိုင်က အမြင့်ဆုံးဈေးနှုန်းဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၈ ခုနှစ်က Tsukiji ငါးဈေး၌ ပြုလုပ်ခဲ့သော တူနာငါးလေလံပွဲတွင် တူနာငါးကြီးတစ်ကောင်ကို ဂျပန်ယန်း ၃၆.၄၅ သန်း(အမေရိကန်ဒေါ်လာ ၃၃၅,၈၅၂) ဖြင့် အမြင့်ဆုံးဈေးပေးကာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် ၂ဝဝ၁ ခုနှစ်တွင် Tsukiji ငါးဈေးကို တိုယိုဆုသို့ပြောင်းရွှေ့ရန် စီစဉ်ခဲ့ပြီး တိုကျိုမြို့၏ ကမ္ဘာလှည့်ခရီးသွား စွဲဆောင်သည့်နေရာတစ်ခုဖြစ်အောင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.