Connect with us

Asia

ဂျပန်နိုင်ငံ နာရိတာလေဆိပ်၌ မျက်နှာပြင် ပုံရိပ်ဖတ် စစ်ဆေးခြင်း စနစ် စတင်မိတ်ဆက်

ဂျပန်နိုင်ငံ နာရိတာ နိုင်ငံတကာလေဆိပ်အား တွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအရာရှိများက အရည်အသွေး နှင့် လုံခြုံရေးပိုင်းကို အဆင့်မြှင့်တင်ရန် တိုကျိုမြို့အနီးရှိ နာရိတာ(Narita) နိုင်ငံတကာလေဆိပ်မှ ပြည်ပထွက်ခွာမည့် ဂျပန်နိုင်ငံသားများအား မျက်နှာပြင် ပုံရိပ်ဖတ် စစ်ဆေးခြင်း စနစ်ကို အောက်တိုဘာ ၃ ရက် တွင် စတင်မိတ်ဆက်အသုံးပြုခဲ့ကြောင်း သိရသည်။

အဆိုပါ စနစ်ကို ယခင်က နာရိတာလေဆိပ် နှင့် အခြား ဂျပန်နိုင်ငံအတွင်းရှိ နိုင်ငံတကာလေဆိပ် လေးခုရှိ အဝင်အထွက် ဂိတ်တွင် ပြည်တွင်းခရီးသွားကြမည့် ဂျပန်ခရီးသည်များကိုသာ စစ်ဆေးရန် အသုံးပြုခဲ့ကြောင်း သိရသည်။

သို့သော် နာရိတာလေဆိပ်သည် အဆိုပါ မျက်နှာပြင် ပုံရိပ်ဖတ် စစ်ဆေးခြင်း စနစ်ကို ပြည်ပထွက်ခွာမည့် ဂျပန်နိုင်ငံသားများအား ကျင့်သုံးရန် ပထမဆုံး လုပ်ဆောင်သည့် လေဆိပ်ဖြစ်လာသည်။

“ အဆိုပါ မျက်နှာပြင်ပုံရိပ်ဖတ် စနစ်ကျင့်သုံးလိုက်သည့်အတွက် လေဆိပ်လူဝင်မှုကြီးကြပ်ရေးအရာရှိများအနေဖြင့် အခြား ခရီးသည်များအပါအဝင် ၎င်းတို့၏ မတူကွဲပြားသောတာဝန်များကို လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည် ” ဟု နာရိတာလေဆိပ် ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှ Takashi Maruoka ၏ပြောကြားချက်ကို ကိုးကား၍ ဂျပန်ပြည်သူ့ရုပ်သံ NHK က ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဗျူရို၏ ထုတ်ပြန်ချက်အရ ယင်းစနစ်တွင် ခရီးသည်မျက်နှာပြင်အား ဓာတ်ပုံရိုက်ယူမည့် အမှတ်နေရာသို့ရောက်ရှိချိန်တွင် ဂိတ်တံခါးမှာ အလိုအလျှောက်ပွင့်လာမည်ဖြစ်ပြီး ၎င်းမျက်နှာပြင်ပုံရိပ်များကို သိမ်းဆည်းစနစ်(database) သို့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းစနစ်ကို လာမည့် ၂ဝ၂ဝ မတ်လတွင် နိုင်ငံခြားသား ခရီးသွားများကိုပါ တိုးချဲ့ကျင့်သုံးသွားမည်ဖြစ်သည်။

ပြီးခဲ့သော သြဂုတ်လတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ ပြောကြားချက်အရ မျက်နှာပြင်ပုံရိပ်ဖတ်စနစ်ကို ဂျပန်နိုင်ငံတစ်ဝန်းရှိ နိုင်ငံတကာလေဆိပ်များတွင် ဂျပန်သို့ပြန်လည်ဝင်ရောက်လာမည့် ဂျပန်ခရီးသွား ၇ဝရာခိုင်နှုန်းနီးပါး ကို စစ်ဆေးရန် အသုံးပြုခဲ့ပြီဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.