Connect with us

Asia

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က မြောက်ကိုရီးယား ကို သွားရောက်၍ ကင်ဂျုံအမ်း နှင့် တွေ့ဆုံမည်

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ယခုလ ၇ ရက် တွင် မြောက်ကိုရီးယား နိုင်ငံ သို့ ထပ်မံ သွားရောက်လည်ပတ် မည်ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က အောက်တိုဘာ ၂ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က အောက်တိုဘာ ၂ ရက် ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အထက်ပါ အကြောင်းအရာ အား ကြေညာ ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ နှင့် ဆက်သွယ်မှု ကို ထိန်းသိမ်း ထားမည်ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ က မြောက်ကိုရီးယား နိုင်ငံ အား နျူကလီးယား အလုံးစုံ စွန့်လွှတ်ရန် ရည်ရွယ်ချက် မှာ ပြောင်းလဲခြင်း မရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက် ၌ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် အောက်တိုဘာ တွင် မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက်မည် ဖြစ်ကြောင်း စတင်ကြေညာ ခဲ့သည်။ မြောက်ကိုရီးယား ခရီးစဉ် အတွင်း နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ စင်ကာပူ တွေ့ဆုံမှု တွင် ရရှိခဲ့သည့် သဘောတူညီချက် များအား လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် တွန်းအားပေးခြင်း နှင့် ဒုတိယ အကြိမ်မြောက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ့ဆုံမှု အတွက် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ Heather Nauert အနေဖြင့် သြဂုတ်လ ပိုင်း တွင် မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက်ရန် စီစဉ် ခဲ့သော်လည်း ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး တွင် တိုးတက်မှု မရှိသည် ကို အကြောင်းပြု၍ ဖျက်သိမ်း ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ က ယခုနှစ် ဇွန်လ ၁၂ ရက် တွင် စင်ကာပူ နိုင်ငံ ၌ တွေ့ဆုံခဲ့ကြပြီး ပူးတွဲကြေညာချက် ရေးထိုး ထုတ်ပြန်ခဲ့သည်။ ကြေညာချက် အရ နှစ်နိုင်ငံ အနေဖြင့် ဆက်ဆံရေး အသစ် နှင့် ကိုရီးယား ကျွန်းဆွယ် ရေရှည်တည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း တည်ဆောက် သွားမည် ဖြစ်ပြီး ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ လုံခြုံရေး အတွက် အာမခံချက် ထောက်ပံ့မည် ဖြစ်ကာ ကင်ဂျုံအမ်း က ကိုရီးယား ကျွန်းဆွယ် နျူကလီးယား လုံးဝ ကင်းစင်ရေး အတွက် ထပ်မံ ကတိပြု ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.