Connect with us

Asia

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုး တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူ ၁၆ဦးသေ၊ ၂၆ဦး ပျောက်ဆုံး

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်းဒိုးစီရင်စု ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့် နေအိမ်တစ်လုံးအားတွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်း ဟိုကိုင်းဒိုးစီရင်စု တွင် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၆ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး လူ ၂၆ဦးခန့် ပျောက်ဆုံးနေကြောင်း အစိုးရ က စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မြောက်ဘက်စွန်း ရှိ စီရင်စု တွင် စက်တင်ဘာ ၆ရက် အစောပိုင်းက အင်အား ၆.၇ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စက်တင်ဘာ ၇ ရက်အထိ ဆက်လက်လုပ်ဆောင်နေကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ထောင်ပေါင်းများစွာသော ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စက်ယန္တရားကြီးများကို အသုံးပြု၍ အပျက်အစီးများကို ဖယ်ရှားလျက်ရှိကြောင်း သိရသည်။

ငလျင်ဒဏ်အများဆုံးခံခဲ့ရသော မြို့များအနက် တစ်မြို့ဖြစ်သည် အစုမာမြို့ တွင် မြေပြိုမှုများကြောင့် နေအိမ်အလုံးပေါင်းများစွာ မြေကြီးအတွင်း နစ်မြုပ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ က အပျက်အစီးများကို လက်များဖြင့်ဖယ်ရှား၍ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြောင်း သိရသည်။

စီရင်စုတစ်ခုလုံးတွင် စွမ်းအင်ပြတ်တောက်မှုဖြစ်ပွားခဲ့၍ နေအိမ်အလုံးပေါင်း ၂.၉၅သန်း လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ဟိုကိုင်းဒိုးလျှပ်စစ်စွမ်းအင်ကုမ္ပဏီ က ယင်းဧရိယာအတွင်း လျှပ်စစ်မီးပြန်လည်ရရှိရန် တစ်ပတ်အထိကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ငလျင်တိုင်းတာမှုစနစ် တွင် အမြင့်ဆုံးဖြစ်သော အဆင့် ၇ ရှိသည့် ယင်းငလျင်ကြောင့် အနည်းဆုံး လူ ၃၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ငယ်များ ဒါဇင်ပေါင်းများစွာ ဆက်လက်လှုပ်ခတ်ခဲ့ပြီး ဂျပန်နိုင်ငံ မိုးလေဝသဌာနက အဆိုပါ ဧရိယာ၌ တစ်ပတ်အတွင်း အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်နိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.