Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် နောက်ထပ်သက်တမ်း ၅ နှစ်အတွက် Hun Sen အား အတည်ပြု

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) က ဇူလိုင်လ ရွေးကောက်ပွဲတွင် လွှတ်တော်နေရာအားလုံး အနိုင်ရရှိပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်က Samdech Techo Hun Sen အား ဝန်ကြီးချုပ်အဖြစ် နောက်ထပ်သက်တမ်း ၅ နှစ်အတွက် အတည်ပြုခဲ့သည်။

Hun Sen အား ဝန်ကြီးချုပ်အဖြစ် CPP လွှတ်တော်အမတ် ၁၂၅ ဦးက တညီတညွတ်တည်း မဲပေးခဲ့ကြပြီး ၎င်းသည် ယင်းရာထူးတွင် ၁၉၈၅ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၂၃ သက်တမ်းအတွက် Hun Sen ၏ အစိုးရအဖွဲ့ဝင်များအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

တရားဝင်အစီအစဉ်အရ အသက် ၆၇ နှစ်ရှိ ဝန်ကြီးချုပ်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များသည် စက်တင်ဘာလ ၆ ရက်နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni ဦးဆောင်မှုအရ တော်ဝင်နန်းတော်၌ ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.