Connect with us

Asia

ဂျပန်နိုင်ငံ အာအိုမိုရိစီရင်စုတွင် အင်အား ၅.၁ပမာဏ ရှိ ငလျင်တစ်ခု လှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အာအိုမိုရိစီရင်စု ၏ ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းထွာချက်များအရ သြဂုတ် ၂၄ ရက်က အင်အား ၅.၁ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံံ မိုးလေဝသဌာန ကပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် ၁၁း၁၆နာရီ တွင် မြောက်လတ္တီကျု ၄၁.၁ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၄၂.၇ဒီဂရီ ရှိ အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိမှုမရှိသေးကြောင်း နှင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.