Connect with us

Asia

ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီ အဆင့်မြင့် အရာရှိတစ်ဦး ရထားရှေ့ခုန်ဆင်း၍ သေဆုံးသွား

ဂျပန်နိုင်ငံ တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအားကစား ပြိုင်ပွဲကျင်းပမည့် ပင်မအားကစားရုံဖြစ်သော တိုကျိုအမျိုးသားအားကစားရုံရှေ့တွင် အိုလံပစ်အမှတ်တံဆိပ် ကွင်းဆက် ၅ ဆက် အထိမ်းအမှတ်ရုပ်တုအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီ (JOC) မှ အဆင့်မြင့်အရာရှိတစ်ဦးသည် ယနေ့ ဇွန် ၇ ရက် နံနက်အစောပိုင်းက မြေအောက်ရထားတစ်စင်းရှေ့သို့ ခုန်ဆင်းသွားပြီးနောက် သေဆုံးသွားခဲ့ကြောင်း တိုကျိုမြို့တော် ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်ကို ကိုးကား၍ နီပွန်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။အသက် ၅၂ နှစ်အရွယ်ရှိ အိုလံပစ်ကော်မတီအဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သူ Yasushi Moriya သေဆုံးသွားရခြင်းနှင့်ပတ်သက်၍ ဂျပန်ရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း နှင့် မြင်ကွင်းအရ ၎င်းမှာ မိမိကိုယ်ကိုယ် သတ်သေသွားဖွယ် ရှိကြောင်း အဆိုပါ ရုပ်သံလိုင်း၏ ထုတ်လွှင့်ချက်အရ သိရသည်။(Xinhua)

…………………………………………
(English Version)
Japanese Olympic official dies after jumping in front of train

TOKYO, June 7 (Xinhua) — A senior official of the Japanese Olympic Committee (JOC) died after jumping in front of an underground train on Monday morning, the Nippon TV reported citing Tokyo metropolitan police sources.

According to the TV network, the police were investigating the incident of the official, Yasushi Moriya, 52, viewing it as a suicide. Enditem

This photo taken on Nov. 10, 2020 shows the illuminated Olympic rings outside Tokyo’s National Stadium, the main venue for the Tokyo Olympic and Paralympic Games. (Xinhua/Du Xiaoyi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.