Connect with us

Asia

ဂျပန် နိုင်ငံ အစိုးရ က လာမည့် ၅ နှစ်တာ ကာလ အတွင်း ပြည်ပ အလုပ်သမား သုံးသိန်းခွဲ ခန့် ခေါ်ယူရန် ဆုံးဖြတ်

ဂျပန် နိုင်ငံ ရှိ ကားထုတ်လုပ်သည့် စက်ရုံ တစ်ခု တွင် အလုပ်သမားများ လုပ်ငန်း ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

တိုကျို ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ အစိုးရ က ဒီဇင်ဘာ ၂၅ ရက် တွင် ဝန်ကြီးများ အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပြီး ပြည်ပ အလုပ်သမားများ တိုးချဲ့ခေါ်ယူသွားမည့် အခြေခံ လုပ်သား ခန့်ထားမှု မူဝါဒ ကို တရားဝင် ခွင့်ပြုပေးခဲ့ပြီး လာမည့် ၅ နှစ်တာ ကာလ အတွင်း ပြည်ပ အလုပ်သမား ၃၄၅,၀၀၀ ခန့် ကို ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အခြေခံ လုပ်သား ခန့်ထားမှု မူဝါဒ တွင် စောင့်ရှောက်ရေး ၊ ဆောက်လုပ်ရေး နှင့် စိုက်ပျိုးရေး စသည့် လုပ်ငန်း ၁၄ ခုတွင် ပြည်ပ အလုပ်သမား များ ၏ လုပ်ခလစာ က ဂျပန် နိုင်ငံသားများ ထပ်တူ သို့မဟုတ် ပိုမို ရရှိရန် သတ်မှတ်ထားပြီး အလုပ်ခန့်ထားသူ များက ပြည်ပ အလုပ်သမား များ ၏ လုပ်ငန်းခွင် နှင့် နေထိုင်မှု စသည့် ကဏ္ဍ များတွင် ထောက်ပံ့မှုများ ပြုလုပ်ပေးရန် သတ်မှတ်ထားကြောင်း သိရှိရသည်။

လုပ်ငန်းအမျိုးအစား တွင် ဂျပန် နိုင်ငံ အစိုးရ အနေဖြင့် လာမည့် ၅ နှစ်အတွင်း စောင့်ရှောက်ရေး လုပ်ငန်း တွင် ပြည်ပ အလုပ်သမား အများဆုံး ခေါ်ယူသွားမည် ဖြစ်ပြီး လူပေါင်း ၆ သောင်းခန့် ခေါ်ယူသွားမည် ဖြစ်ကြောင်း ၊ အခြားစားသောက်ဆိုင်လုပ်ငန်း နှင့် ဆောက်လုပ်ရေး လုပ်ငန်း တွင် ၅၃,၀၀၀ နှင့် ၄၀,၀၀၀ ခန့် အသီးသီး ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က အစိုးရ အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ အား ကောင်းမွန်အောင် ဆောင်ရွက်သွားပြီး ပြည်ပ အလုပ်သမားများ ဂျပန် နိုင်ငံ သို့ အလုပ်လာရောက် လုပ်ကိုင်ရန် ဆွဲဆောင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၅ ရက် ၌ ပြောကြား ခဲ့သည်။

ဂျပန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အစိုးရ အနေဖြင့် လာမည့်နှစ် မတ်လမတိုင်မီ ဂျပန် နိုင်ငံ အစိုးရ နှင့် သက်ဆိုင်ရာ နိုင်ငံ အစိုးရ တို့မှ သတင်းအချက်အလက် အတူတကွ မျှဝေမှု ကို ဆောင်ရွက်သွားပြီး အလုပ်သမား အခွင့်အရေး ကို ဦးစားပေးသည့် သဘောတူညီချက်များ ရေးထိုးသွားဖွယ်ရှိကြောင်း သိရှိရသည်။(Xinhua)