Connect with us

Asia

ဂျပန် အောက်လွှတ်တော်မှ ရှင်ဇိုအာဘေး အစိုးရ၏ လုံခြုံရေး ဥပေဒေ မူကြမ်း အား အတင်းအကျပ် မဲခွဲ ဆုံးဖြတ်ကာ အတည်ပြုခဲ့

ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အား ဂျပန် အောက်လွှတ်တော်မှ လုံခြုံရေး ဥပေဒေ မူကြမ်း အား အတည်ပြုခဲ့နောက် မြင်တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ အာဏာရ ပါတီများ ချုပ်ကိုင်ထားသည့် အောက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေး မှ ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ဇူလိုင်လ ၁၆ ရက်နေ့က အတင်းအကျပ် မဲခွဲဆုံးဖြတ်စေကာ အတည်ပြုခဲ့သည်။

မဲခွဲဆုံးဖြတ်မှု မပြုလုပ်မီ အဓိက အတိုက်အခံ ပါတီ များဖြစ်ကြသည့် ဒီမိုကရက်တစ်ပါတီ ၊ ပြန်လည် ထူထောင်ရေး ပါတီ နှင့် ဂျပန် ကွန်မြူနစ် ပါတီ တို့မှ ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း အား ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ မှ လုံခြုံရေး ဥပဒေသည် အခြေခံ ဥပဒေကို ချိုးဖေါက်ရာရောက်ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မှ လုံခြုံရေး ဥပဒေ ကို အတင်းအကျပ် ဆောင်ရွက်ခြင်းသည် အလွန်းဆိုးရွားသော ဆောင်ရွက် ချက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ပြန်လည်ထူထောင်ရေး ပါတီ မှ စစ်အပြီး ၁၉၇၀ နောက်ပိုင်းတွင် ဂျပန်နိုင်ငံ သည် ငြိမ်းချမ်းရေး လမ်းစဉ်ကိုသာ လျှောက်လှမ်းခဲ့ရာ ယခု အဆိုပြုသည့် ဥပဒေ သည် ငြိမ်းချမ်းရေး လမ်းစဉ် အား လုံးဝ ကွဲပြားခြားနား စေမည့် အခြေအနေ နှင့် ကြုံတွေ့ စေပြီး လုံခြုံးရေး ဥပဒေ၏ အဆိုးရွားဆုံး အချက်မှာ အခြေခံ ဥပဒေ မှ တားမြစ် ထားသည့် အစုအဖွဲ့လိုက် ကာကွယ်ရေး ဆောင်ရွက်ခြင်းအား ခွင့်ပြုလိုက်ခြင်း ဖြစ်သည် ဟုပြောကြားခဲ့သည်။ ဂျပန် ကွန်မြူနစ် ပါတီ မှ ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း သည် အခြေခံ ဥပဒေ အချက် အမှတ် ၉ နှင့် ငြိမ်းချမ်းရေး မူဝါဒ တို့အား ချိုးဖောက်ရာ ရောက်ပြီး ဂျပန် နိုင်ငံ စစ်ပွဲများအပြီး နောက်ပိုင်း အဆိုးရွားဆုံးသော ဥပဒေ ချိုးဖောက်မှု တစ်ရက် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂျပန် အောက်လွှတ်တော် ဥက္ကဌ Tadamori Ōshima မှ မဲခွဲဆုံးဖြတ်ရန် ကြေညာ လိုက်ပြီးနောက် အဓိက အတိုက်အခံ ပါတီများ ဖြစ်ကြသည့် ဒီမိုကရက်တစ်ပါတီ ၊ ပြန်လည်ထူထောင်ရေး ပါတီ နှင့် ဂျပန် ကွန်မြူနစ် ပါတီ တို့မှ မဲခွဲ ဆုံးဖြတ်စေရန် သဘောမတူသောကြောင့် အသီးသီး လွှတ်တော် အတွင်းမှ ထွက်ခွာသွား ခဲ့ကြသည်။ နောက်ဆုံးတွင် လက်ရှိအာဏာရ ပါတီများ ဖြစ်ကြသည့် လွတ်လပ်သော ဒီမိုကရက်သစ် ပါတီ နှင့် သန့်ရှင်းသော အစိုးရ ပါတီ(Komeito ပါတီ) တို့မှ လွှတ်တော် ကိုယ်စားလှယ် ဦးရေ အားသာချက် ဖြင့် လုံခြုံရေး ဥပဒေ မူကြမ်းအား အတင်းကျပ် အတည်ပြု စေခဲ့သည်။

လုံခြုံရေး ဥပဒေ မူကြမ်းသည် အောက်လွှတ်တော် ၌ အတည်ပြုပြီးနောက် အထက် လွှတ်တော် ကို အဆို တင်သွင်းမည် ဖြစ်သည်။ သို့သော် အထက် လွှတ်တော်တွင်လည်း အာဏာရ ပါတီများ၏ ကိုယ်စားလှယ် ဦးရေသည် ထက်ဝက်ကျော် ရှိသောကြောင့် ဤ ဥပဒေသည် အတည်ပြုနိုင်မည် ဖြစ်ကြောင်း ခန့်မှန်း သိရှိနိုင်သည်။

ရှင်ဇိုအာဘေး အစိုးရသည် အတိုက်အခံ ပါတီ များ၏ ကန့်ကွက်မှုနှင့် လာမည့် နှစ်တွင် အထက် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ ကျင်းပရန် ရှိသောကြောင့် လုံခြုံရေ ဥပဒေ အတည်ပြုမှု အတွက် အတားအဆီး မဖြစ်ပွားစေရန် လွှတ်တော် မဲခွဲဆုံးဖြတ်မှု “ ရက် ၆၀ စည်းကမ်း ” ကို အသုံးပြုခဲ့သည်။ ထိုစည်းကမ်း သတ်မှတ် ချက်အရ အထက် လွှတ်တော် သို့ တင်သွင်းလိုက်သော ဥပဒေမူကြမ်း သည် ရက် ၆၀ အတွင်း မဲခွဲ ဆုံးဖြတ်မှု မပြုလုပ်ပါက အောက်လွှတ်တော် သို့ ပြန်လည် ချထားပေးမည် ဖြစ်သည်။ အောက်လွှတ်တော် တွင် အာဏာရ ပါတီ သည် ကိုယ်စားလှယ် ဦးရေး ၃ ပုံ ၂ ပုံ အထက် ရှိသောကြောင့် ဒုတိယ အကြိမ် မဲခွဲ ဆုံးဖြတ်မှု မှ ၎င်းဥပဒေ အား အတည်ပြုနိုင်မည် ဖြစ်ကာ အနောက်အကျဆုံး အဖြစ် စက်တင်ဘာ ၂၇ ရက် လွှတ်တော် မပြီးခင် ဥပဒေ မူကြမ်းအား အတည်ပြုနိုင်မည် ဖြစ်သည်။

ဇူလိုင် ၁၅ ရက်နေ့က အာဏာရ ပါတီများ ချုပ်ကိုင် ထားသည့် အောက်လွှတ်တော် ငြိမ်းချမ်းလုံခြုံမှု ဥပဒေ သတ်မှတ်ရေး အထူး ကော်မတီ မှ ဥပဒေ မူကြမ်းကို အတင်းအကျပ် အတည်ပြုခဲ့ပြီး ၁၆ ရက်နေ့ တွင် အောက်လွှတ်တော် မျက်နှာစုံညီ အစည်းအဝေး သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရှင်ဇိုအာဘေး အစိုးရ ၏ လုံခြုံရေး ဥပဒေ ပြင်ဆင်မှု ကို တွန်းအား ပေးနေခြင်းသည် ဂျပန် ပြည်သူလူထု ၏ အပြင်းအထန် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရသည်။ ဂျပန် နိုင်ငံရှိ ပြည်သူ့ ဆန္ဒ ကောက်ယူ စစ်ဆေးမှု များအရ ၆၀ ရာခိုင်နှုန်း ခန့်သော ဂျပန် နိုင်ငံသား များသည် ၎င်းဥပဒေကို ကန့်ကွက် ခဲ့ကြပြီး ၈၀ ရာခိုင်နှုန်းသော ပြည်သူ များမှ လွှတ်တော်၏ ဆုံးဖြတ်မှုသည့် ပြည်စုံမှု မရှိဘဲ ၎င်းဥပဒေ ကို နားမလည် နိုင်ကြောင်း သိရှိရသည်။ ဂျပန် နိုင်ငံရှိ ဥပဒေ ပညာရှင် အများစု မှာလည်း လက်ရှိ အခြေခံ ဥပဒေ ကို ပြင်ဆင်မှု မပြုလုပ်သေးဘဲ အစုအဖွဲ့လိုက် ကာကွယ်ရေး ဆောင်ရွက်မှု တားမြစ်ချက်ကို ဖယ်ရှားပြီး ရေကြောင်း ကာကွယ်ရေးတပ် အင်အား ချဲ့ထွင်ခြင်းသည် ဥပဒေ ကို ချိုးဖောက်ရာ ရောက်ပြီး ကာကွယ်ရေး တပ်အား စစ်ပွဲအတွင်းသို့ ဝင်ရောက် သွားနိုင်သည့် အန္တရာယ် ပိုမို များပြား စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.