Connect with us

Asia

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စင်ကာပူ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan သည် မြောက်ကိုရီးယားနိုင်ငံ သို့ တရားဝင် ခရီးစဉ်တစ်ခု သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန် ၆ ရက်တွင်ပြောကြားခဲ့သည်။

Balakrishnan သည် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ၏ ဖိတ်ကြားချက်အရ ဇွန် ၇ ရက် နှင့် ၈ ရက်တွင် အလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ ခရီးစဉ်အတွင်း ၎င်းသည် အဆင့်မြင့်ပြည်သူ့လွှတ်တော် အမြဲတမ်းအမှုဆောင်ကော်မတီ ဥက္ကဋ္ဌ Kim Yong Nam နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် တို့ ဇွန် ၁၂ ရက်တွင်တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးပွဲအား စင်ကာပူနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.