Connect with us

Asia

တရုတ်နိုင်ငံတွင် ကျင်းပမည့် SCO ထိပ်သီးအစည်းအဝေးသို့ ပါကစ္စတန်သမ္မတ တက်ရောက်မည်

ပါကစ္စတန်နိုင်ငံ သမ္မတ Mamnoon Hussain အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ သမ္မတ Mamnoon Hussain သည် တရုတ်နိုင်ငံ ချင်းသောင်မြို့ ၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဇွန် ၉ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန် ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

Hussain သည် SCO အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ယခု ကျင်းပမည့် ထိပ်သီးအစည်းအဝေးသည် ၂၀၁၇ ခုနှစ် ဇွန်လက ကာဇက်စတန်နိုင်ငံ မြို့တော် Astana မြို့တွင် ပြုလုပ်သော ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အား အမြဲတမ်းအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများက စတင်တည်ထောင်သူ အဖွဲ့ဝင်များအဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အား ၂၀၀၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ယခုအခါ ပါကစ္စတန်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ပါ ပါဝင်လာသော အဖွဲ့ဝင် ၈ နိုင်ငံသည် အာရှနှင့် ဥရောပ ဆက်စပ်မြေပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိကာ ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)