Connect with us

Asia

ဆဲလ်ဖီ မရိုက်ရဇုန် ၁၆ နေရာ မွမ်ဘိုင်း ကြေညာ

မွမ်ဘိုင်းတွင် ဆဲလ်ဖီမရိုက်ရဇုန် ၁၆ နေရာ ကြေညာ (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မတော်တဆမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် ဆဲလ်ဖီ (Selfie) ခေါ် မိမိကိုယ်မိမိ ဓာတ်ပုံ ပြန်လည် ရိုက်ကူး မှု မပြုလုပ်ရဇုန် ၁၆ နေရာကို အိန္ဒိယနိုင်ငံ မြို့တော် မွမ်ဘိုင်း၌ ကြေညာလိုက်သည်။

ယင်း တားမြစ်နေရာများမှာ Bandra Bandstand နာမည်ကြီး ပင်လယ်ကမ်းခြေ၊ Marine Drive, Juhu Chowpatty စသည့် ခရီးသွားများ သွားလာမှုများသည့် နေရာများဖြစ်ပြီး ၎င်းနေရာများတွင် မိုဘိုင်းဖုန်းဖြင့် ဆဲလ်ဖီရိုက်ရန် မလုံခြုံ သည့်နေရာအဖြစ် မွမ်ဘိုင်းရဲတပ်ဖွဲ့က ကြေညာထားသည်။
ထိုကန့်သတ်မှုအား ချိုးဖောက်သူများအား အမေရိကန် ဒေါ်လာ ၁၇ ဒဏ်ရိုက်မည် ဖြစ်ကြောင်း အရာရှိ တစ်ဦး ကပြောသည်။ဆဲလ်ဖီရိုက်ရင်း သေဆုံးခဲ့သည့် စာရင်းတွင် အိန္ဒိယက ထိပ်ဆုံးမှာ ရှိနေကြောင်း စာရင်းဇယားများက ဖော်ပြ ထားသည်။ ၂၀၁၄ ခုနှစ်ကစပြီး ဆဲလ်ဖီရိုက်ရင်း သေဆုံးခဲ့သူ ၄၉ ဦး ရှိသည့်အနက် ၁၉ ဦးမှာ အိန္ဒိယမှ ဖြစ် ကြောင်း အိန္ဒိယ အသံလွှင့်ဋ္ဌာန All India Radio (AIR) က ဖေဖော်ဝါရီလ ၂၆ ရက်က တင်ပြထားသည်။

ယခုလ အစောပိုင်းက Nashik မြို့ရှိ ဆည်တစ်ခုအနီး ဆဲလ်ဖီရိုက်ရန် ကြိုးစားသူ တစ်ဦးမှာ ရေထဲ ချော်ကျရာ ၎င်းအား ကယ်တင်သည့် သူငယ်ချင်းမှာလည်း ရေနစ်သေဆုံးခဲ့သည်။ လွန်ခဲ့သောလတွင်လည်း အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ Bandstand တွင် ဆဲလ်ဖီရိုက်ရင်း ပင်လယ်ထဲ ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.