Connect with us

Asia

အိန္ဒိယ ကျောင်းသား ၂၅၀ ကျော် နေ့လည်စာ စားပြီး ဖျားနာခဲ့

အိန္ဒိယရှိ စာသင်ကျောင်း တစ်ခုတွင် ကျောင်းသားများ နေ့လည်စာ စားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ချ်ထရာ ပြည်နယ်ရှိ စာသင်ကျောင်း တစ်ကျောင်း၌ ဖေဖော်ဝါရီလ ၂၅ ရက်က ကျောင်းသား ၂၄၇ ဦးမှာ နေ့လည်စာ စားပြီးနောက် ဖျားနာခဲ့ကြောင်း ဒေသခံ မီဒီယာအရ သိရသည်။

အစာ အဆိပ်သင့်မှုဟု သံသယရှိသည့် ယင်း မတော်တဆမှုမှာ မဟာရက်ချ်ထရာ ပြည်နယ် Palghar ခရိုင် Vikramgad မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုအထဲမှ ကျောင်းသား ၁၇ ဦး၏ အခြေအနေမှာ ပုံမှန်မဖြစ်သေး ကြောင်း Times of India သတင်းစာ၌ ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်များမှာ ဆန်နှင့် ပဲ ရောနယ်ထားသည့် ဒေသအခေါ် Khichdi အစားအစာအား စားသောက် ပြီးနောက် နာရီဝက်အတွင်းမှာ အစာအိမ် အောင့်ခြင်း၊ မူးဝေ အော့အန်ခြင်းများဖြစ်ကာ စတင် ညည်းညူခဲ့ကြ သည်။

ဆရာမများက အခြေခံကျန်းမာရေး စင်တာသို့ ပို့ဆောင်ပေးခဲ့ရာ အစာအဆိပ်သင့်မှု ဖြစ်ကြောင်း ဆရာဝန်က သံသယ ရှိခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းကလည်း ဘီဟာပြည်နယ် အရှေ့ပိုင်း ဆာရန်ခရိုင်၌ ပိုးသတ်ဆေး ပါဝင်သည့် နေ့လည်စာ စားသုံးမိပြီးနောက် ကျောင်းသား ၂၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.