Connect with us

Asia

တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် နှစ်ဦး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Yecho Hun Sen တို့အား နိုဝင်ဘာလ ၁၃ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Yecho Hun Sen တို့သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၌ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များ အစည်းအဝေးအတွင်း နိုဝင်ဘာလ ၁၃ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံသည် စစ်မှန်သော မိတ်ဆွေများဖြစ်ကြောင်း လီက ချီးကျူး ပြောကြားလိုက်ပြီး တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘောဒီးယားအား နိုင်ငံ အခြေအနေနှင့် လျော်ညီစွာ သွားနေသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအား အမြဲတစေ အခိုင်အမာ ထောက်ခံကြောင်း၊ လွတ်လပ်သော အချုပ်အခြာအာဏာ ကာကွယ်ရေး၊ တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရေးအတွက် အားထုတ်လုပ်ဆောင်မှုများအား ထောက်ပံ့သွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ နယ်ပယ်များစွာ၌ ခိုင်မာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ဖလှယ်မှု မြှင့်တင်ရေးစသည့် အဆင့်မြင့်ဖလှယ်မှုများအား ထိန်းသိမ်းသွားရန် အသင့်ရှိပါကြောင်း လီက ဆိုသည်။

လာမည့်နှစ်သည် တရုတ်နှင့် ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၆၀ ပြည့်ဖြစ်သည်။

ထို့အပြင် ၂၀၁၈ ခုနှစ်တွင် မဲခေါင်မြစ် (တရုတ်နိုင်ငံအခေါ် လန်ချန်းမြစ်) တစ်လျှောက် နိုင်ငံ ခြောက်နိုင်ငံဖြစ်သော တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ပူးတွဲ တည်ထောင်ထားသော ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုဖြစ်သော ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေးအား ကမ္ဘောဒီးယားက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရမည် ဖြစ်သည်။

တရုတ်သည် ကမ္ဘောဒီးယားနှင့်အတူ ဒေသတွင်း တည်ငြိမ်မှု တိုးတက်ရေးအတွက် ပံ့ပိုးပေးခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ပိုမို မြှင့်တင်သွားမည် ဖြစ်ကြောင်း လီက ကတိပြုခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Yecho Hun Sen ကလည်း ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ကြီးမားသော ချစ်ကြည်ရင်းနှီးမှု မျှဝေခြင်းနှင့် လာမည့်နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍသစ် အား ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Hun Sen က ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အုပ်ချုပ်ရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထပ်မံ တိုးမြှင့်ရေး စသည့် နယ်ပယ်မျိုးစုံ၌ ခိုင်မာစွာ ဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကတိပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.