Connect with us

Asia

တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ဖိလစ်ပိုင်နိုင်ငံက တံခါးဖွင့်ထားကြောင်း သမ္မတဒူတာတေးပြော

တရုတ်နိုင်ငံ၏ ဒုံးကျည်ဖျက်ရေယာဉ် Changchuမှ တပ်မှူး ဗိုလ်ကြီး Hu Jie က ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးအား ရေတပ်ဦးထုတ် အမှတ်တရ လက်ဆောင်ပေးအပ်နေစဉ်(ဆင်ဟွာ)

မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တံခါးဖွင့်သွားရန်စိတ်ကူးထားကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မေလ ၁ ရက်တွင် ပြောကြားလိုက်သည်။

“ အဲဒီစိတ်ကူးကို ကျနော်သဘောတူပါတယ်။ တရုတ်နိုင်ငံအနေနဲ့Mindanao ကိုလာပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နိုင်ပါတယ်။ ဖြစ်နိုင်တာက Sulu ပင်လယ်ပြင်ထဲမှာပေါ့ ” ဟု တရုတ်နိုင်ငံ၏ ရေတပ်စစ်သင်္ဘောအုပ်စု ဖိလစ်ပိုင်နိုင်ငံ Davao မြို့ဆိပ်ကမ်းသို့လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း ဒူတာတေးက သတင်းသမားများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ရေတပ်စစ်သင်္ဘောလာရောက်လည်ပတ်ခြင်းအတွက် ၎င်းအနေဖြင့် အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။ “ သိပ်ကို ဂုဏ်ယူစရာပါ။ နေရာအားလုံးမှာ ကော်ဇောခင်းထားတယ်လေ။ သိပ်ကို လှပါတယ်။ သင်္ဘောထဲမှာက တကယ့်ကို ဇိမ်ခံဟိုတယ်အတိုင်းပါပဲ” ဟု ဒူတာတေးက သတင်းသမားများအားပြောကြားခဲ့သည်။ထို့ပြင် ၎င်းက “ သိပ်ကို သန့်ရှင်းပါတယ်” ဟူ၍လည်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်ရေတပ်စစ်သင်္ဘောပေါ်သို့သွားရောက်လည်ပတ်ခြင်းသည် တရုတ်နှင့်ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်မွန်းခြင်း နှင့် ယုံကြည်မှု တည်ဆောက်ခြင်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

တရုတ်နိုင်ငံ၏ ရေတပ်စစ်သင်္ဘောအုပ်စုတစ်ခုသည် သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ပိုင်းဒေသဖြစ်သော Davao မြို့သို့မေလ ၁ ရက်က ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.