Connect with us

Asia

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိလစ်ပိုင် ခရီးစဉ်အတွင်း သဘောတူစာချုပ် ၁၄ ခု လက်မှတ်ရေးထိုးခဲ့

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး အပြုသဘောဆောင်သော အရှိန်အဟုန် ခိုင်မာရေး နှစ်နိုင်ငံ ခေါင်းဆောင်များ ကတိပြုခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၁၄ ခုအား နိုဝင်ဘာလ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးတို့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ မီဒီယာနှင့် တွေ့ဆုံစဉ် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးအား “ဆုံးရှုံးခဲ့ရတဲ့ အချိန်အတွက် အတူတကွ ပြုပြင် လုပ်ဆောင်ရန်” မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လီသည် ဆယ်စုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည့် ပထမဆုံး တရုတ် ဝန်ကြီးချုပ် တစ်ဦးဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး “အေးစက်နေသော နှစ်နိုင်ငံ ဆက်ဆံရေးအား ပြန်လည် ကောင်းမွန်လာစေခြင်း” ဖြစ်သလို ယခု ခရီးစဉ်ကလည်း အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုအား ရှေ့ဆက်ရန်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် ဘဏ္ဍာရေး အခြေခံ အဆောက်အအုံ၊ တံတား တည်ဆောက်ခြင်း၊ ငွေချေးစာချုပ် အာမခံချက်၊ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး၊ ရာသီဥတု ပြောင်းလဲမှု၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှု ကာကွယ်ရေး၊ စက်မှုဆိုင်ရာ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများ၌ သဘောစာချုပ် ၁၄ ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မနီလာမြို့တွင် တံတား နှစ်စင်းနှင့် မင်ဒါနာအိုမြို့တွင် မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး စင်တာ နှစ်ခု တည်ဆောက်ရေး စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ကြေညာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၄၀ ခုနှစ် Ambisyon Natin ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား ချီးကျူးဂုဏ်ပြုလိုက်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ အကြီးစား အခြေခံ အဆောက်အအုံ အစီအစဉ်များ၌ ပါဝင်ရသည့်အတွက် ဝမ်းမြောက်ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.