Connect with us

Asia

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တို့မှ သတ်မှတ်ချိန် အတိုင်း ရထားလမ်း နှင့် ကားလမ်း ချိတ်ဆက်မှု စီမံကိန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တို့မှ ရထားလမ်း နှင့် ကားလမ်း ချိတ်ဆက်မှုဆိုင်ရာ အစည်းအဝေး ကျင်းပ နေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ တောင်ကိုရီးယား နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ တို့က ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်း အချိန်တွင် မြောက်ကိုရီးယား နိုင်ငံ Panmun Station ၌ နှစ်နိုင်ငံ ရထားလမ်း နှင့် ကားလမ်း ချိတ်ဆက်မှု စီမံကိန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

ဖွင့်ပွဲ အခမ်းအနား သို့ တောင်ကိုရီးယား နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ဝန်ကြီး ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ၊ မြောက်ကိုရီးယား နိုင်ငံ အမိမြေငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ နှင့် နှစ်နိုင်ငံ မှ သက်ဆိုင်ရာ အစိုးရ အရာရှိပေါင်း ၁၀၀ ခန့် က တက်ရောက် ခဲ့ကြသည်။

ယခုနှစ် ဧပြီလ တွင် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ တို့ က Panmunjom ကြေညာစာတမ်း တွင် လက်မှတ်ရေးထိုး ခဲ့ကြပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ချိတ်ဆက်ပေးမည့် ရထားလမ်း နှင့် ကားလမ်း အဆင့်မြှင့်တင် တည်ဆောက်ရေး နှင့် ပတ်သက်၍ သဘောတူညီ ခဲ့ကြသည်။ တောင်-မြောက် ကိုးရီးယား နှစ်နိုင်ငံ တို့က ယခုနှစ် သြဂုတ်လ တွင် seoul နှင့် Sinuiju ကို ချိတ်ဆက်ပေးမည့် Gyeong’ui seon ကားလမ်းကို အတူတကွ ကွင်းဆင်းလေ့လာ ခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် မှ ဒီဇင်ဘာ ၁၇ ရက် အထိ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မည့် ရထားလမ်း အား အတူတကွ ကွင်းဆင်း လေ့လာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.