Connect with us

Asia

ထရမ့်နှင့်တွေ့ဆုံရန် အခိုင်အမာစိတ်ဆန္ဒရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်(ယာ)နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်(ဝဲ) တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ မေ ၂၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မေလ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် နှင့် နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာ၌ တွေ့ဆုံဆွေးနွေးစဉ် ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့်အတူ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် အခိုင်အမာစိတ်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ KCNA သတင်းဌာနက ယနေ့(မေ ၂၇ ရက်) တွင် သတင်းဖော်ပြခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးတွန်းအားပေးရန် နှင့် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ရည်မှန်းချက်ကို ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ကင်က ကတိပြုခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဇွန် ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ပေးခဲ့ခြင်းအပေါ် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်အား ကျေးဇူးတင်ကြောင်း ကင်ဂျုံအန်က ထည့်သွင်းပြောကြားခဲ့သည်။

“ မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် နှင့် ကိုရီးယားကျွန်းဆွယ်ထာဝရငြိမ်းချမ်းရေးရရှိအောင် ယန္တယားတစ်ခုကို တည်ဆောက်သွားရန် တစ်ဖက်နှင့်တစ်ဖက် အပေါင်းလက္ခဏာဆောင်သော ပူပေါင်းဆောင်ရွက်မှုကိုလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကင်က မွန်ဂျေအင်အားပြောကြားခဲ့သည် ” ဟု သတင်းတွင်ဖော်ပြထားသည်။

ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကင်ဂျုံအန် နှင့်ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်၏ မှတ်ချက်စကားထွက်ပေါ်လာပြီးနောက်ပိုင်းတွင် တောင်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ရုတ်ထရက်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကင်ဂျုံအန် နှင့် မွန်ဂျေအင် တို့သည် တစ်လတာအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် နှစ်နိုင်ငံ နယ်စပ်မျဉ်း ပန်မွန်ဂျုံရွာ၌ မေလ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.