Connect with us

Asia

ထိုင်းနိုင်ငံတွင် အပူပိုင်းမုန်တိုင်း၂ ခု ဝင်ရောက်ပြီး မိုးကြီးခြင်းများနှင့် ရေဖုံးလွှမ်းခြင်းများ ဖြစ်ပေါ်နိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လူနေရပ်ကွက်တစ်ခုအတွင်း ရေကြီးနေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၁၃ ရက်မှ လာမည့် ရက်သတ္တပတ်လုံး အပူပိုင်း မုန်တိုင်း ၂ ခု ဝင်ရောက်တိုက်ခတ်မည် ဖြစ်ပြီး မိုးကြီးခြင်းများနှင့် ရေဖုံးလွှမ်းခြင်းများဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက စက်တင်ဘာလ ၁၃ ရက်နှောင်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အပူပိုင်းမုန်တိုင်း ဘရီဂျက် (Barijat) သည် ထိုင်းနိုင်ငံသို့ မိုးရွာသွန်းခြင်းများနှင့် စက်တင်ဘာလ ၁၄ ရက်၌ စတင်ဝင်ရောက်မည်ဟု မျှော်မှန်းထားပြီး စူပါတိုင်ဖွန်းမုန်တိုင်း Mangkhut က ပို၍ အားကောင်းမည်ဟု ဆိုသည်။

“ဘရီဂျက်မန်တိုင်းက ပြီးခဲ့တဲ့ Bebinca မုန်တိုင်းနဲ့ လမ်းကြောင်းတူပေမယ့် အားပျော့နိုင်မယ်။ ဒါကြောင့် မိုးတွေဆက်ပြီးရွာနိုင်ပါတယ်” ဟု Rangsit တက္ကသိုလ် ရာသီဥတုပြောင်းလဲရေးနှင့် သဘာဝဘေးစင်တာ ညွှန်ကြားရေးမှူး Seree Supratid က ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံ၌ Mangkhut တိုင်ဖွန်းမုန်တိုင်းအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်း Seree က သတိပေးထားသည်။

ထိုင်းနိုင်ငံတစ်ဝန်း လာမည့် စက်တင်ဘာလ ၁၈ ရက်အထိ မိုးရွာနိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိကြောင်း Seree က ဆိုသည်။

ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း ပြည်သူများအား မိုးလေဝသဌာနက သတိပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.