Connect with us

Asia

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျ လူ ၁၅ ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရ

ချောက်အတွင်း ကားတစ်စီးပြုတ်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆရီနာဂါ၊ အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ တောင်ထူထပ်သော လမ်းတစ်လမ်းတွင် စက်တင်ဘာလ ၁၄ ရက်၌ မီနီဘတ်စ်ကားတစ်စီး ဘီးချော်ကျကာ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ နွေရာသီမြို့တော် ဆရီနာဂါမြို့ တောင်ဘက် ၂၁၇ ကီလိုမီတာခန့်အကွာရှိ Kishtwar ခရိုင် Thakrie ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အခင်းဖြစ်တဲ့နေရာမှာ လူသေအလောင်း ၁၅ လောင်းကို တွေ့ရှိခဲ့ပြီး လူ ၁၉ ဦးကို ဒဏ်ရာတွေနဲ့ ဆေးရုံပို့ပေးခဲ့ပါတယ်” ဟု လက်ထောက်ရဲမင်းကြီး Angrez Singh Rana က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏အဆိုအရ မီနီဘတ်စ်သည် ဒေသခံခရီးသည်များအား တင်ဆောင်လာကာ ခရိုင်ချင်းဆက်လမ်းကြောင်းပေါ်မှာ သွားနေခြင်းဖြစ်ကြောင်း၊ အဆိုပါ မီနီဘတ်စ်ကားသည် ခရီးသည်များ အပြည့်တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရခြင်းအကြောင်းရင်းအား မသိရှိရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.