Connect with us

Asia

ထိုင်းနိုင်ငံ မြောက်ပိုင်း၌ ကုန်တင်ကားတစ်စီးအတွင်းမှ စိတ်ကြွမူးယစ်ဆေးပြား ၁၃ သန်း ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ တွင် ယခင်က ဖမ်းဆီးရမိသည့် စိတ်ကြွမူးယစ်ဆေးပြားများကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်း ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇွန် ၅ ရက် က ၁၂ဘီးကုန်တင်ကား တစ်စီးအတွင်း ခိုးဝှက်သယ်ဆောင်လာသော စိတ်ကြွမူးယစ်ဆေးပြား ၁၃ သန်း ကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၆ ရက်တွင်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း Lampang ပြည်နယ် ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဆိုဖာ နှင့် ရုံးသုံးပရိဘောဂများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီးအား စစ်ဆေးရန် ရဲတပ်ဖွဲ့က ရပ်တန့်ခိုင်းခဲ့ကြောင်း သိရသည်။

အိတ်စ်ထရေး စစ်ဆေးချက်အရ အဆိုပါ ချင်းရိုင်လိုင်စင်နံပါတ်ပြားတပ်ထားသော ကုန်တင်ကားအတွင်းရှိ ကုန်ပစ္စည်း အမျိုး ၃၀ကြားတွင် စိတ်ကြွမူးယစ်ဆေးပြားများပါသော အထုပ် ၄ထုပ်ကို ခိုးဝှက်သယ်ဆောင်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

ယင်းအထုပ်များအတွင်း၌ ထိုင်းဘတ်ငွေ ၂.၆ဘီလီယံဘတ် (အမေရိကန်ဒေါ်လာ ၈၁.၂သန်းခန့်) တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြား ၁.၃သန်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းအား ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့ ရှိ ထိုင်း-လာအို ချစ်ကြည်ရေးတံတား မှ ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဓယ ပြည်နယ် သို့ ကုန်ပစ္စည်းများ သယ်ဆောင်ရန်အတွက်သာ ၎င်းအား ငှားရမ်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်တန်းထူထပ်ရာ ဒေသတစ်ခုဖြစ်သော ချင်းရိုင်မြို့ သည် လာအိုနိုင်ငံ၊ မြန်မာနိုင်ငံတို့ နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေကာ သုံးနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသည့်ထိုဒေသကို ရွှေတြိဂံဒေသဟု ခေါ်ဆိုကြပြီး ယခင်က ကမာ့္ဘဘိန်းထောက်ပံ့မှု၏ အနည်းဆုံးတစ်ဝက်ကို ဖြည့်ဆည်းပေးရာဒေသဖြစ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော မူးယစ်ဆေးဝါးအများအပြားသည် မြောက်ပိုင်းရှိ ချင်းရိုင်ပြည်နယ်ကို ဖြတ်၍ ၎င်းတို့၏ ဦးတည်ရာ တောင်ပိုင်းသို့ ရောက်ရှိလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.