Connect with us

Asia

နီပေါ နိုင်ငံ၌ ကျားကိုက်ခံရပြီး လူနှစ်ဦး သေဆုံး

နီပေါနိုင်ငံ ခတ္တူမန္ဒူမြို့ ရှိ တိရစ္ဆာန်ရုံ၌ ကျားတစ်ကောင်အား တွေ့ ရစဉ်(ဆင်ဟွာ)

ခတ္တူမန္ဒူ ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

နီပေါ နိုင်ငံ Bardia အမျိုးသား ဥယျာဉ်အတွင်း ယခု ရက်သတ္တပတ် အတွင်း ကျားကိုက်ခံရခြင်းများကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသော Rajapur မြို့တော်စည်ပင် Bhuri ကျေးရွာတွင် နေထိုင်သည့် အသက် ၇၁ နှစ် အရွယ် ယောင်္ကျား တစ်ဦးသည် သြဂုတ် ၂၅ ရက်တွင် ၎င်း၏ နေအိမ် အပြင်ဘက်တွင် ကျားကိုက်ခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျားသည် ခြံဝန်း အတွင်း မွေးမြူထားသည့် အိမ်မွေးဝက်များအား ချောင်းမြောင်းနေသော်ငြားလည်း လူကို ကိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ကျားမှာ အသက်အရွယ် အိုမင်းနေပြီး ယခင်က ဒဏ်ရာ ရရှိထားခြင်းများ ရှိခဲ့သည်ဟု သိရကြောင်း ၊ အဆိုပါ ကျားသည် ကယ်ဆယ်ရေး စင်တာ၌ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကျား ဖြစ် ကြောင်း Bardia အမျိုးသား ဥယျာဉ်၏ စောင့်ကြပ် ကွပ်ကဲသူ Ashok Bhandari က ဆင်ဟွာသို့သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သော သြဂုတ် ၂၂ ရက်က အဆိုပါ ဥယျာဉ်၏ အနီးဆုံး လူများ အခြေချ နေထိုင်ရာ Geruwa ကျေးရွာတွင် မွေးမြူထားသော တိရစ္ဆာန်များအား ကျွေးမွေးရန် မြက်ရိတ်နေသည့် အသက် ၅၆ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးကို ကျားတစ်ကောင်က ကိုက်ခဲ့ကြောင်း သိရသည်။

မြစ်ချောင်း တစ်ခု အနီး မြက်ခြောက်များအား ရိတ်နေသည့် အမျိုးသမီး သုံးဦးကို တောရိုင်းကျားက အန္တရာယ် ပြုခဲ့ရာ တစ်ဦးမှာ အသက် ဆုံးရှုံးခဲ့ရပြီး အခြား နှစ်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ကြောင်း Bhandari က ပြောကြား ခဲ့သည်။

အဆိုပါ ဥယျာဉ်၏ စောင့်ကြပ် ကွပ်ကဲသူ Ashok Bhandari က ဥယျာဉ်၌ လေးရက် အတွင်း ကျားကိုက်ခံရမှု နှစ်ခု ဖြစ်ပွားခဲ့သော်လည်း အဆိုပါကျားများသည် တစ်ကောင်နှင့် တစ်ကောင် မတူညီကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းကျားကိုက်ခံရမှု ဖြစ်စဉ်များသည် Bardia အမျိုးသား ဥယျာဉ် အတွင်း အချိန် အလွန်ကြာမြင့်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့ကြောင်း ၊ ကျားများသည် လူများကို ပုံမှန်အားဖြင့် အန္တရာယ်ပြုလေ့ မရှိကြောင်း ၊ ကျားများအနေဖြင့် ခြောက်လှန့်ခံရခြင်း သို့မဟုတ် ၎င်းတို့၏ သားကောင်များနှင့် ဆက်စပ်နေသော ဖြစ်ရပ်များတွင်သာ လူကို တိုက်ခိုက်လေ့ ရှိကြောင်း Bhandari က ပြောကြား ခဲ့သည်။

တောရိုင်းတိရစ္ဆာန် အန္တရာယ်ပြုမှုကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ကျားကိုက်ခံရ၍ သေဆုံးသွား သူများ၏ မိသားစုဝင်များ အတွက် လျော်ကြေး အဖြစ် သေဆုံးသူ တစ်ဦး အတွက် ရူပီး တစ်သန်းစီ ရရှိခဲ့ပြီး ကျားအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးကုသရန် ရူပီး နှစ်သိန်းစီ ရရှိခဲ့ကြောင်း အမျိုးသား ဥယျာဉ် နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဌာနထံမှ သိရသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ် အတွင်း နိုင်ငံ၏ ကျားအကောင်ရေ စာရင်းများ အရ နီပေါ နိုင်ငံတွင် ကျား အကောင်ရေ ၂၃၅ ကောင် နေထိုင် ကျက်စားမှု ရှိပြီး ယင်းတို့အနက်မှ ကျား ၈၇ ကောင်မှာ Bardia အမျိုးသား ဥယျာဉ် အတွင်း နေထိုင် ကျက်စားကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.