Connect with us

Asia

နှစ်နိုင်ငံ စစ်ရေး တင်းမာမှုများကြားမှ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံမည်

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးအား စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိများနှင့် အတူ တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်နေစဉ်တွင် တောင်ကိုရိးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) တို့မှ အဆင့်မြင့် အရာရှိများသည် Panmunjom ဒေသရှိ Truce ရွာတွင် တွေ့ဆုံ ဆွေးနွေးရန် သဘောတူထားကြောင်း တောင်ကိုရီးယား သမ္မတရုံးက စနေနေ့တွင် သတင်း ထုတ်ပြန်သည်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး (Park Geun-hye) ၏ ထိပ်တန်း လုံခြုံရေး အကြံပေး ကင်မ်ကွမ်ဂျင်၊ တောင်မြောက်ပြန်လည် ပေါင်းစည်းရေး ဝန်ကြီး ဟောင်ယွန်ဖြိုး တို့က မြောက်ကိုရီးယား အဆင့်မြင့် အရာရှိများ နှင့်အတူ တောင်ကိုရီးယား နိုင်ငံ ဘက်ခြမ်း Panmunjom ဒေသရှိ ငြိမ်းချမ်းရေး အိမ်တော်၌ တွေ့ဆုံမည်ဟု သမ္မတ၏ အမျိုးသား လုံခြုံရေးရုံး ပထမတန်း လက်ထောက် အကြီးအကဲ ကင်ကျိုးဟွမ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါသည်။

မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအန်း (Kim Jong Un) ၏ ထိပ်တန်း လက်ထောက်၊ ကိုရီးယား ပြည်သူ့တပ်မတော်၏ အထွေထွေ နိုင်ငံရေးဗျူရို ညွှန်ကြားရေးမှူး ဟွမ်ပြုံဆိုး နှင့် ပြုံယမ်း-ဆိုးလ် ဆက်ဆံရေး ပြင်ပ ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ကင်မ်ယောင်ဂွန် တို့လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် ကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံဘက်က ယနေ့ ညနေ ၅း၀၀ နာရီတွင် ရှေ့တန်း စစ်မျက်နှာ၌ အသံချဲ့စက်ဖြင့် ဝါဒဖြန့် ထုတ်လွှင့်ခြင်းအား မရပ်တံ့ပါက စစ်ရေးအရ ရင်ဆိုင်မည်ဟု သတိပေးထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117