Connect with us

Asia

ပါကစ္စတန်တောင်ပိုင်း ကရာချိမြို့ရှိ ဟိုတယ်တစ်ခုမီးလောင်မှုဖြစ် ၁၁ ဦးသေ

အစ္စလမ္မာဘတ် ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့ရှိ ဟိုတယ်တစ်လုံးတွင် ယနေ့(ဒီဇင်ဘာ ၅ ရက်) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာ လူပေါင်း ၁၁ ဦးသေဆုံးပြီး ၆၅ ဦးထိခိုက် ဒဏ်ရာရသွားကြောင်း ဒေသတွင်း ARU သတင်းဌာန၏ Urdu ရုပ်သံလိုင်းမှ သတင်းဖော်ပြသွားသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ဟိုတယ် အမည်ကို ဒေသတွင်းမီဒီယာများက ရေးသားထုတ်ဖော်ခြင်းမရှိကြောင်း သိရသည်။(Xinhua)