Connect with us

Asia

ပါကစ္စတန်တွင် စစ်သွေးကြွ အယောက်၂၀၀ လက်နက်ချ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန် ပြည်နယ် ၌ စစ်သွေးကြွများ လက်နက်ချစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများမှ တပ်မှူး ၁၅ဦး အပါအဝင် စစ်သွေးကြွ ၂၀၀ဦး သည် ဇန်နဝါရီ ၂၅ရက်တွင် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ် အစိုးရထံ လက်နက်ချ၍ အလင်းဝင်လာခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

တရားဝင် ထုတ်ပြန်ချက်အရ စစ်သွေးကြွများ သည် နိုင်ငံတော်က ချမှတ်သော မူဝါဒများကို လိုက်နာသွားပြီး နိုင်ငံတော်က လက်ခံနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘာလိုချီစတန် ပြည်နယ် တာဘက်မြို့ ရှိ အပျော်တမ်းတပ်ဖွဲ့၏ ရှေ့တန်းစစ်ဋ္ဌာနချုပ်တွင် ပြုလုပ်သည့် အခမ်းအနား၌ စစ်သွေးကြွများ လက်နက်ချခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဘာလိုချီစတန်ဝန်ကြီးချုပ် Abdul Qudus Bizenjo နှင့် တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး Asim Saleem Bajwa တို့ တက်ရောက်ခဲ့ကြကြောင်း နှင့် အခမ်းအနား၌ ပါကစ္စတန်နိုင်ငံ၏အလံအား လွှင့်ထူကာ စစ်သွေးကြွများသို့ စင်ပေါ်သို့ တက်ရောက်၍ လက်နက်ချခဲ့ကြပြီး ဘာလိုချီစတန်ဝန်ကြီးချုပ် က ၎င်းတို့အား ပိုက်ဆံ နှင့် အိတ်ဆောင်ကွန်ပြူတာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ တွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများမှ စစ်သွေးကြွ ၃၀၀ကျော် နှင့် တပ်မှူး ၁၇ဦး အစိုးရ နှင့် လုံခြုံရေးတပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ဘာလိုချီစတန်ဝန်ကြီးချုပ်ဟောင်း Abdul Malik Baloch အစပျိုးဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ကြောင့် ယခုအချိန်အထိ ပြည်နယ်အတွင်းရှိ စစ်သွေးကြွ ၂,၁၀၀ လက်နက်ချခဲ့၍ အလင်းဝင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.