Connect with us

Asia

ပါကစ္စတန်တွင် မီးရထားတစ်စီးတိုက်ခိုက်ခံရမှု ဖြစ်ပွား ၊ လူ ၃ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ


အစ္စလာမ်မာဘတ်၊ မတ် ၁၈ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စီး ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်မီဒီယာ များ၏ သတင်းများအရ သိရသည်။

အမည်မသိလက်နက်ကိုင်တစ်စုသည် Balochistanပြည်နယ် Dera Murad Jamali ဒေသ ရှိ ရထားသံလမ်းပေါ်တွင် အဝေးထိန်းဖောက်ခွဲရေးဗုံး တပ်ဆင်ထားပြီး ရထားဖြတ်သန်းချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းတိုက်ခိုက်မှုကြောင့် ရထားတွဲ ၅ တွဲ လမ်းချော်တိမ်းမှောက် ခဲ့ကြောင်း ဒေသခံ ရဲအရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။

ဗုံးခွဲတိုက်ခိုက်ခံရသည့် ခရီးသည်တင်ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

ဗုံးခွဲတိုက်ခိုက်ခံရသည့် ခရီးသည်တင်ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

ဗုံးခွဲတိုက်ခိုက်ခံရသည့် ခရီးသည်တင်ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

ဗုံးခွဲတိုက်ခိုက်ခံရသည့် ခရီးသည်တင်ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ကိစ္စနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း ၊ သေဆုံးသူများ ၏ရုပ်အလောင်းနှင့် ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။ အချင်းဖြစ်ပွားသည့် နေရာတွင် ရထားသံလမ်းပျက်စီးမှုကြောင့် ရထားသယ်ယူပို့ဆောင်ရေး ခရီးစဉ်များ ယာယီရပ်တန့်ထားရကြောင်း သိရသည်။

အဆိုပါခရီးသည်တင်ရထားမှာ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Punjab ပြည်နယ် Rawalpindiမြို့မှ Balochistanပြည်နယ် Quetta မြို့ သို့ ပြေးဆွဲသည့် ရထားဖြစ်ကြောင်း သိရသည်။

ဗုံးခွဲတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်ကမျှ ကြေညာချက်ထုတ်ပြန်ချင်း မရှိသေးကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.