Connect with us

Asia

ပါကစ္စတန်ရထားတိုက်မှုတွင် သေဆုံးသူ ၆၂ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်ထိ မြင့်တက်လာ

အစ္စလာမ်မာဘတ် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ဇွန် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ရထားနှစ်စင်း တိုက်မှုတွင် သေဆုံးသူအရေအတွက် ၆၂ ဦး ထိ မြင့်တက်သွားပြီးဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ယနေ့ ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။ကယ်ဆယ်ရေးသမားများသည် တိမ်းမှောက်သွားသော ရထားနှစ်၏ အပျက်အစီးပုံများကြားမှ ရုပ်အလောင်းများကို ထပ်မံဆွဲထုတ်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးသူ အရေအတွက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်နာမင်းကြီး Sukkur Shafiq Ahmed Mahesar က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ၂၀၂၁ ခုနှစ် ဇွန် ၇ ရက်က ဖြစ်ပွားခဲ့သော ရထားတိုက်မှုဖြစ်ပွားသော နေရာသို့ ဒေသခံများလာရောက်ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ယင်းမတော်တဆမှုအတွင်း ဒဏ်ရာရသူအရေအတွက် ၁၀၀ ကျော်အထိရောက်ရှိလာကြောင်း နှင့် ၎င်းတို့အား ပြည်နယ်အတွင်းရှိ Pano Aqil ၊ Ghotki နှင့် Mirpur Mathelo ဆေးရုံများတွင် အသီးသီးကုသမှုပေးထားကြောင်း နှင့် ၁၅ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ၂၀၂၁ ခုနှစ် ဇွန် ၇ ရက်က ဖြစ်ပွားခဲ့သော ရထားတိုက်မှုဖြစ်ပွားသော နေရာသို့ ဒေသခံများလာရောက်ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ပါကစ္စတန်ရထားပို့ဆောင်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Nazia Jabeen က ယင်းမတော်တဆမှုသည် နိုင်ငံအရှေ့ပိုင်း Rawalpindi ခရိုင်မှ Sir Syed အမြန်ရထား မောင်းနှင်ထွက်ခွာလာစဉ် Sindh ပြည်နယ် Ghotki ခရိုင်တွင် လမ်းချော်မှုကြောင့် ရထားတွဲများ ဖရိုဖရဲဖြစ်နေသည့် Millat Express အမြန်ရထားအား ဝင်တိုက်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့ ခေါင်းချင်းဆိုင် တိုက်မိသော ရထားနှစ်စင်းမှ ရထားတွဲ အနည်းဆုံး ၁၃ တွဲသည် တပတ်လည်တိမ်းမှောက်သွားခဲ့ကြောင်း ၊ အနည်းဆုံး ရထားတွဲ ၇ တွဲမှ ၈ တွဲအထိ လုံးဝ ပျက်စီးသွားခဲ့ကြောင်း ပါကစ္စတန်ရထားပို့ဆောင်ရေးသတင်းအရင်းအမြစ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အခင်းဖြစ်နေရာသို့ရောက်ရှိနေသော ရဲသတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသို့ပြောကြားရာတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ရထားမတော်တဆမှုနှင့်ပတ်သက်၍ အတိအကျသိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ယင်းဖြစ်စဉ်နောက်ကွယ်တွင် ရထားအချက်ပြစနစ် ပြဿနာများ နှင့် ရထားလမ်းကြောင်း ပြဿနာမျိုးစုံ ရှိနေနိုင်ဖွယ်ရှိသည်ဟု ယုံကြည်နေကြောင်း ဆိုသည်။
တစ်ချိန်တည်းမှာပင် အာဏာပိုင်များက တနင်္လာနေ့နံနက် အစောပိုင်းကတည်းက ရပ်နားထားသော ရထားလမ်းကြောင်း နှင့် ရထားပို့ဆောင်ရေး အစီအစဉ်ကို ပြန်လည်စတင်နေပြီဖြစ်ကြောင်းလည်း သိရသည်။(Xinhua)


(English Version)

Death toll from Pakistan’s train crash rises to 62, over 100 injured

ISLAMABAD, June 8 (Xinhua) — The death toll from the collision between two trains in Pakistan’s southern Sindh province early Monday morning has risen to 62, a government official said on Tuesday.

The death toll rose after rescue teams pulled out more bodies from the damaged compartments of the trains, Commissioner of Sukkur Shafiq Ahmed Mahesar told Xinhua.

He said that over 100 people sustained injuries in the accident and they are being treated at various hospitals of Pano Aqil, Ghotki and Mirpur Mathelo in the province, adding that the condition of at least 15 people is critical.

According to spokesperson of the Pakistan Railways Nazia Jabeen, the accident occurred when the Sir Syed Express train coming from the eastern Rawalpindi district collided with several compartments of the Millat Express train, that was already present at the track that the Sir Syed Express train was traveling on after the derailment in the Ghotki district of Sindh.

At least 13 compartments of the two trains were derailed and overturned, and seven to eight were completely destroyed in the accident, sources from the Pakistan Railways told Xinhua.

Police sources in the area told Xinhua that special teams are still in the process of investigating the exact cause of the accident, however, they believe that multiple problems in the railway track and signal systems are possibly behind the accident.

Meanwhile, the authorities have also cleared the railway track and train service which was halted since early Monday morning resumed operations. Enditem

Locals gather near a derailed train at the accident site in Ghotki district of Pakistan’s southern Sindh province on June 7, 2021.