Connect with us

Asia

ပါကစ္စတန် လေတပ် တိုက်လေယာဉ် တစ်စင်း အစ္စလာမ်မာဘတ်မြို့၌ ပျက်ကျမှု ဖြစ်ပွား 

ပါကစ္စတန် တိုက်လေယာဉ် တစ်စင်း သရုပ်ပြပျံသန်းနေမှုအား ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ ပါကစ္စတန်လေတပ်မှ F-16 တိုက်လေယာဉ်တစ်စီးသည် မတ် ၁၁ ရက်တွင် ပါကစ္စတန်နေ့ စစ်ရေးပြ အခမ်းအနားမတိုင်မီ အကြိုလေ့ကျင့်မှု အတွင်း ပျက်ကျသွားခဲ့ကြောင်း ပါကစ္စတန်လေတပ်မှ Syed Ahmer Raza က ဆင်ဟွာသို့ ပြောကြားခဲ့သည်

။ယင်းဖြစ်စဉ်သည် ယနေ့ မတ် ၁၁ ရက် နံနက်ပိုင်း ဒေသစံတော်ချိန် ၁၁ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး လေယာဉ်ပျက်ကျသည့် နေရာသို့ ကယ်ဆယ်ရေး အဖွဲ့များအား စေလွှတ်ထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် လေတပ်ဌာနချုပ်က စုံစစ်စစ်ဆေးရေး အဖွဲ့ကို အမိန့်ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပျက်ကျမှု ဖြစ်ပွားခဲ့သည့်နေရာအား ပိတ်ထားခဲ့ကြောင်း ၊ သေဆုံး/ဒဏ်ရာရမှုနှင့် ပတ်သတ်ပြီး အတည်ပြု သတင်းထုတ်ပြန်ထားမှု မရှိကြောင်း သိရသည်။မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦး ဖြစ်သူ Muhammad Ahmed က F-16 တိုက်လေယာဉ်သည် အစ္စလာမ်မာဘတ်မြို့၏ Shakarparian ဧရိယာအနီးတွင် ပျက်ကျသွားခဲ့ပြီးနောက် လေယာဉ်သည် ကြီးမားသော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)