Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ပြန်ပေးဆွဲခံရသူ နိုင်ငံခြားသားများ က ၎င်းတို့အား ကယ်ဆယ်ရန် အသနားခံ

ဖိလစ်ပိုင်နိုင်ငံတွင် ပြန်ပေးဆွဲခံရသူ နိုင်ငံခြားသား အမျိုးသားသုံးဦးနှင့် ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီး တစ်ဦးတို့အားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ပြန်ပေးဆွဲခံထားရသူ နိုင်ငံခြားသား အမျိုးသားသုံးဦးနှင့် ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီး တစ်ဦးတို့က ၎င်းတို့အား ပြန်ပေးဆွဲသူများဖြစ်သည့် စစ်သွေးကြွများ၏သတ်ဖြတ်ခြင်း မခံရစေရန် နှင့် ပြန်လည်လွတ်မြောက်ရန် အတွက် စစ်သွေးကြွများတောင်းဆိုသည့် ပြန်ပေးငွေ ဖြင့် ပြန်လည် ရွေးယူရန် အသနားခံတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အသနားခံ တောင်းဆိုနေသည့် ဗွီဒီယိုအား မတ်လ ၁၀ ရက်က Facebook စာမျက်နှာပေါ်၌ တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဗီဒီယို၌ ကနေဒါနိုင်ငံသား နှစ်ဦး၊ နော်ဝေနိုင်ငံသား တစ်ဦး နှင့် ဖိလစ်ပိုင် နိုင်ငံသား တစ်ဦးသည် မြေပြင်ပေါ်၌ ဒူးထောက်လျက် အနေအထား နှင့် ၎င်းတို့၏ နောက်တွင် လက်နက် ကိုင်ဆောင်ထားသည့် ပြန်ပေးသမားများအား တွေ့ရကြောင်း သိရသည်။

ပြန်ပေးဆွဲခံထားရသူ နိုင်ငံခြားသား သုံးဦးသည် ၎င်းတို့ မည်သူဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး၊ ၎င်းတို့အား ပြန်ပေးသမားများ လက်မှ ပြန်လည်ရွေးယူရန် ၎င်းတို့၏ မိသားစု၊ အစိုးရ နှင့် ပြည်သူများထံ အသနားခံခဲ့ကြောင်း သိရသည်။

ပြန်ပေးသမားများ အနက် မျက်နှာအား ဖုံးကွယ်ထားသူတစ်ဦးက ပြန်ပေးငွေအား ဧပြီလ ၈ ရက်တွင် အပြီးပေးရန် အင်္ဂလိပ် ဘာသာစကားဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

ယခု ထုတ်ပြန်သည့် ဗွီဒီယိုဖိုင်တွင် ပြန်ပေးငွေ ပမာဏကို ဖော်ပြထားခြင်း မရှိသော်လည်း ယခင်ထုတ်ပြန် ခဲ့သည့် ဗွီဒီယိုဖိုင်၌ ပါဝင်သူ ပြန်ပေးသမားများသည် Abu Sayyaf အကြမ်းဖက် အဖွဲ့မှ ဖြစ်ပြီး နိုင်ငံခြားသား တစ်ဦးစီအတွက် ပီဆို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၄၆ မီလီယံ) တောင်းဆိုထားကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသူ လေးဦးသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Samal ကျွန်းပေါ်ရှိ အပန်းဖြေ နေရာတစ်ခု၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.