Connect with us

Asia

ထိုင်းရေတပ်က ကိုယ်ပိုင် ကမ်းဝေး ကင်းလှည့် ရေယာဉ်များ တည်ဆောက်ရန်ရှိ

HTMS Krabi ကင်းလှည့်ရေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘန်ကောက်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

လာမည့် နှစ်အနည်းငယ်အတွင်း ကျရောက်မည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ၉၀ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပရန် ထိုင်းရေတပ်က ကိုယ်ပိုင် ကမ်းဝေး ကင်းလှည့်ရေယာဉ် သုံးစင်း တည်ဆောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

ထို ရေယာဉ် သုံးစင်းအား ဘန်ကောက်မြို့ရှိ ထိုင်းရေတပ်ပိုင် Mahidol Adulyadej သင်္ဘောကျင်း၌ တည် ဆောက်မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃၈ သန်းခန့် ကုန်ကျနိုင်၍ ၂၀၁၈ ခုနှစ်တွင် ပြီးစီးနိုင်ရန် စီစဉ်ထား ကြောင်း ထိုင်းရေတပ်မတော် လက်ထောက် စစ်ဦးစီး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Jumpol Lumpikanond က မတ်လ ၁၀ ရက်က ပြောသည်။

တန် ၁၉၆၀ အလေးချိန်ရှိသည့် ထို ရေယာဉ်များမှာ ၂၀၁၃ ခုနှစ်က ထိုင်းရေတပ်က စတင် အသုံးပြုခဲ့သည့် HTMS Krabi ကင်းလှည့်ရေယာဉ်နှင့် ပုံစံတူ တည်ဆောက်မည် ဖြစ်သည်။

အဆိုပါ ကင်းလှည့်ရေယာဉ် အသစ်များအား ထိုင်းဘုရင် ဘူမိဘောလ် အဒူလ်ယာဒက်၏ ၉၀ နှစ်မြောက် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ၂၀၁၈ ခုနှစ်တွင် စတင် အသုံးပြုမည် ဖြစ်သည်။

HTMS Krabi ကင်းလှည့်ရေယာဉ်အား ဗြိတိန် BAE စနစ်၏ ကြီးကြပ်မှုဖြင့် ထိုင်းရေတပ်ပိုင် သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပြီး ၎င်း ရေယာဉ်၌ 76-mm အမြောက်တစ်လက်၊ 30-mm အမြောက်တစ်လက်၊ တိုက်ချင်းပစ် ဒုံးကျည်များနှင့် Super Lynx ရဟတ်ယာဉ် တစ်စင်းစာ ဆင်းသက်နိုင်မည့် ရဟတ်ယာဉ်ကွင်း တစ်ခုပါဝင် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.