Asia
ဖီဂျီနိုင်ငံ Nadi အနောက်တောင်ပိုင်း ၌ ဗဟိုပြု၍ ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်

ဟောင်ကောင်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
ယနေ့(ဇန်နဝါရီလ ၃ ရက်) ဒေသစံတော်ချိန် ည ၉နာရီ ၅၂ မိနစ်တွင် ဖီဂျီနိုင်ငံ Nadi မြို့ အနောက်တောင်ပိုင်း ၂၂၇ ကီလိုမီတာအကွာ၌ ဗဟိုပြု၍ ပြင်းအား ၇.၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးက သတင်းထုတ်ပြန်သည်။
အဆိုပါ ငလျင်သည် အနက် ၁ဝ.ဝ ကီလိုမီတာကို ဗဟိုပြု၍ တောင်လတ္တီကျူ့၁၉.၅ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၇၆.၂ ဒီဂရီနေရာ၌ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)